BEC-TERO TV

H1N1 ရောဂါပိုးကူးစက်မခံရအောင် ဒါတွေလိုက်နာပါ

24 Jul 2017     1,305 Views


ရန်ကုန်ဆေးရုံးကြီးတွင် H1N1 ဟု သံသယရှိသူလူနာနှစ်ဦးကို တွေ့ရှိထားကြောင်း ဆေးရုံအုပ်ကြီးမှ အတည်ပြုပြောကြားခဲ့ပါတယ်။ H1N1 ရောဂါပိုး မကူးစက်ရအောင် ကာကွယ်နိုင်မည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ။
 
 
** H1N1 Flu ရောဂါ ကာကွယ်ရန်နည်းလမ်းများ **
 
Swine flu ဆွိုင်းဖလူး(ခ)H1N1 တုပ်ကွေး ကာကွယ်ရေး−
 
 
၁။ Stay home if you're sick နေမကောင်းရင် အိမ်မှာသာနေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။
 
 
၂။ Wash your hands thoroughly and frequently လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုးဆပ်ပြာသုံးပါ။ ဖြစ်နိုင်ရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာဆေးရည်သုံးပါ။
 
 
၃။ Contain your coughs and sneezes နှာချေ ချောင်းဆိုးတာ ထိန်းပါ။ တံတောင်ဆစ်ထဲချောင်းဆိုးတဲ့အကျင့်လုပ်ပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။
 
 
၄။ Avoid contact ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။
 
၅။ Reduce exposure within your household ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။
 
 
၆။ Flu vaccination ကာကွယဆေးကို အသက် ၆ လအထက်ထိုးနိုင်တယ်။ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါကာကွယ်မယ်။ ထိုးဆေး + နှာခေါင်းထဲထည့်ဆေးလို့ ၂ မျိုးလာတယ်။ နှာခေါင်းထဲထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိ ကိုသာပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။
 
ကြက်ဥနဲ့မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိသူတွေ မပေးရပါ။
 
Credit: ဒေါက်တာတင့်ဆွေ
 
 
 

 


24 Jul 2017     1,305 Views




RELATED

Most Popular of Health Fix

Most Popular of Life Style