BEC-TERO TV

စိုးမြတ်သူဇာအကြောင်းပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုလ်

26 Jul 2017     1,620 Views


ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုလ် ဟာ မကြီးစိုး (စိုးမြတ်သူဇာ ) နဲ့ ဇာတ်ကားတူတူ ရိုက်ရငိး ဖြစ်လာတဲ့ ခံစားချက်ဆိုပြီး သူမ အကောင့်မှာ ရေးတင်ထားတာကိုတွေ့ရပါတယ် ။

“ဒီ​နေ့ ရိုက်​ကွင်းမှာ ဖြစ်​လာတဲ့ Feel​လေး ၁ခုကို ​ရေးချင်​မိလို့ ​ရေးပါရ​စေ​နော်​။ မကြီးစိုး (စိုးမြတ်​သူဇာ)ဆိုတာ အရမ်းအရှိန်​အဝါကြီးမား​သော မင်းသမီးတလက်​ပါ။ ဟိုး ဖြတ်​​လျှောက်​ဘဝထဲက မကြီးနဲ့တူတူသရုပ်​​ဆောင်​ရရင်​ စိတ်​ထဲ၁ခုခုကို ​ကြောက်​​နေ ရှိန်​​နေသလို ခံစား​နေမိတာ ခုချိန်​ထိပါပဲ။ မကြီးနဲ့လဲ အရမ်းတွဲပြီးမရိုက်​ဖူးခဲ့ပါဘူး အခု ပုပ္ပားမှာ မကြီးနဲ့တွဲပြီးချစ်​​တီးမကြီးများဆိုတဲ့ကားကြီးရိုက်​ရတယ်​ အရင်​အတိုင်းပဲ ရှိန်​​နေ​ကြောက်​​နေတဲ့စိတ်​​လေးနဲ့ပဲ​ပေါ့ ဒါ​ပေမယ့်​ မထင်​မှတ်​စွာပဲ မကြီးက actor အချင်းချင်း​ပေါ်မှာ ​လေး​လေးစားစားဆက်​ဆံတယ်​ ။

မင်းသမီးနဲ့ဇာတ်​ပို့ဆိုပြီး ခွဲခြားနှိမ်​ချ​ပြောဆိုခြင်းတစ်​စက်​မှမရှိဘူး  ဖေး​ဖေးမမကြင်​ကြင်​နာနာနဲ့  အရမ်းပဲ ရင်​ထဲမှာဆို့ပြီးဝမ်းသာမိတယ်​  ဒီ​နေ့ရိုက်​တဲ့၂ခန်းလုံး နှိုင်းရှင်​အချ ခံရတဲ့အခန်း​တွေရိုက်​ရ​ပေမယ့်​ မကြီးက နှိုင်းရှင်​ကို မ​ကြောက်​နဲ့​နော်​ မကြီးဘာမှမလုပ်​ဘူး ​အေး​ဆေး​နော်​ ဆိုပြီး​ပြောခဲ့တယ်​ ။တကယ်​ရိုက်​​တော့လဲ လုပ်​လို့ရရဲ့သားနဲ့ မလုပ်​ပဲညှာခဲ့တယ်​  ညှာတယ်​ဆို​ပေမယ့်​ အိုက်​တင်​က​တော့အပြည့်​ပဲ  မသိရင်​ မကြီး တကယ်​ပဲ​ဆော်​​နေသလိုလို ။ ဒါ​ပေမယ့်​ မကြီးအရမ်းညှာခဲ့တယ်​။တခြားသူလုပ်​လို့​တောင်​ မကြီးက ကာကွယ်​​ပြော​ပေးခဲ့တယ်​ ထမီ​တွေ အကျီ​တွေလန်​​နေတာ ဆွဲဖုံး​ပေးပြု​ပေးနဲ့ ဒီ​နေ့ ဖြစ်​လာတဲ့ ခံစားချက်​ကြီးက ဝမ်းနည်းဝမ်းသာကြီးပါ။

သြော်​ ငါတို့လို ဘာမဟုတ်​တဲ့ ဇာတ်​ပို့​တွေအ​ပေါ်မှာ လူလူခြင်းညှာတာစာနာစိတ်​ထား​ပေးတတ်​တဲ့ မကြီးပါလားလို့ ​တွေးပြီး အရမ်း​ကျေးဇူးတင်​မိတယ်​ ။ မကြီးရဲ့ စိတ်​ကို မ​လေးစားပဲလဲမ​နေနိုင်​ဘူး ။ ရင်​ထဲမှာ အမြဲမှတ်​ထားပါ့မယ်​ မကြီး  ။ မကြီးနဲ့ fb မှာ friend လဲမဟုတ်​ပါဘူး မြင်​​စေချင်​တဲ့ဆန္ဒနဲ့​ရေးတာလဲ မဟုတ်​ပါဘူး နှိုင်းရှင်​ရဲ့ fb ဟာ နှိုင်းရှင်​ရဲ့ ဒိုင်​ယာရီပါ ။ feel ဖြစ်​လာတိုင်း ဘယ်​လို feel မျိုးမဆို ဒီဒိုင်​ယာရီ​လေးထဲမှာ ရင်​ဖွင့်​မယ်​ ​ပေါက်​ကွဲမယ်​ ။ ဒါဒီ​နေ့ နှိုင်းရှင်​ရဲ့ feel ​လေး​ပေါ့”ဆိုပြီးရေးထားခဲ့ပါတယ်။


26 Jul 2017     1,620 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS