BEC-TERO TV

တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်မှုကို လိုလားကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးပြော

27 Jul 2017     1,223 Views


တောင်ရုတ်ပင်လယ်အတွင်းက အငြင်းပွားရေပိုင်နက်အရေးတင်းမာမှုတွေဖြစ်ပွားနေချိန်မှာပဲ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းလိုတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ပြောလိုက်ပါတယ်။မစ္စတာဝမ်ရီဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေချိန် တနင်္လာနေ့တုန်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မကြာခင်မှာရရှိမယ့် တောင်တရုတ်ပင်လယ်အငြင်းပွားနိုင်ငံများ လိုက်နာဖွယ်ကျင့်ဝတ်ကြေညာချက်ပါ ပြဌာန်းချက်တွေကို လိုက်နာမှာဖြစ်တယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီး ၀မ်ရီကပြောပါတယ်။တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲက နယ်မြေအများစုကို ပိုင်ဆိုင်တယ်လို့ပြောထားသလို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊မလေးရှား၊ဖီလစ်ပိုင်၊ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြပါတယ်။

ထိုင်းနိုင်ငံဟာ ဒီအငြင်းပွားမှုမှာ မပါဝင်ပေမဲ့ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု အငြင်းပွားအရေးမှာ ကြားနေနိုင်ငံအဖြစ်ရပ်တည် နေပါတယ်။ လာမယ့်လမှာ မနီလာမြို့မှာပြုလုပ်မယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ဒေသတွင်း ဆွေးနွေးပွဲမတိုင်ခင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီရဲ့ ထိုင်းနိုင်ငံကို ခရီးစဉ်ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။တရုတ်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အငြင်းပွားရေပိုင်နက်တွေအတွက် လိုက်နာ ဖွယ်ရာ ကျင့်ဝတ်မူဘောင်ကို မေလမှာ သဘောတူညီခဲ့ကြပြီးဖြစ်ပါတယ်။


27 Jul 2017     1,223 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS