BEC-TERO TV

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှုနဲ့ ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်

27 Jul 2017     1,219 Views


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှုနဲ့ပတ်သက်၍ အထူးဦးစားပေးအနေနဲ့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ဇူလိုင်လ(၂၄)ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာ(၃)ဦးရဲ့အခြေအနေမှာ တိုးတက်ကောင်းမွန်လာလျက်ရှိပါသည်။ဇူလိုင်လ(၂၅)ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးကို အတွင်း လူနာအဖြစ် တက်ရောက်ကုသနေတဲ့ သံသယရာသီတုပ်ကွေးရောဂါလူနာ(၁၂)ထံမှ နှာခေါင်း တို့ဖတ်ရယူပြီး အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဆိုင်ရာဗဟိုဌာနကို ပေးပို့စစ်ဆေးခဲ့ရာ လူနာ(၃)ဦးမှာSeasonal Influenza A (H1N1) pdm 2009 Positive ဖြစ်ကြောင်းထပ်မံတွေ့ရှိ ခဲ့ပါတယ်။

အဆိုပါ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ(၁၂)ဦးအနက် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ဇူလိုင်လ(၂၁)ရက်က နာရီ(၂၀)မှာ ရန်ကုန် ဆေးရုံသို့ စတင်ဆေးရုံတက်ရောက်ကုသခဲ့ပြီး ဇူလိုင်လ(၂၄)ရက်နေ့(၁၄)နာရီမှာ အဆိုပါ ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ဇူလိုင်လ(၂၄) ရက် ၇နာရီ ၁၅နာရီတွင် အသက်(၂၉)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ပြင်းထန် အဆုတ်ရောဂါနဲ့တက်ရောက်ခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို (၁၂)နာရီအချိန်မှာ လွှဲပြောင်းခဲ့ပြီး (၁၂)နာရီ (၁၀)မိနစ်နာရီတွင် အဆိုပါရောဂါနဲ့သေဆုံးခဲ့ကြောင်း သိရပါတယ်။ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှုနဲ့ ပတ်သက်၍ ဖြစ်ပွားသူအားလုံးမှာ သေဆုံးမှုနှုန်း(၀.၀၂)ရာခိုင်နှုန်းခန့်သာရှိသော်လည်း ရောဂါပြင်းထန်၍ ဆေးရုံတက်ရောက်ကုသခံယူသူများမှာ (၄.၅၅)ရာခိုင်နှုန်းခန့်ရှိကြောင်း အမေရိကန်Seasonal CDC မှထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်များအရသိရှိရပါသဖြင့် ပြည်သူလူထု အနေနဲ့ အထူးစိုးရိမ်ကြောင့်ကြစရာမလိုအပ်ကြောင်း သတင်းရရှိပါတယ်။

ပြည်သူလူထုအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ် သတင်းစာများ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့အင်တာနက်စာမျက်နဲ့Myanmar CDC Faceboook စာမျက်နှာများမှာ ထုတ်ပြန်ထားရှိတဲ့ ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့်တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်းသတင်းပေးပို့ ကုသမှုခံယူရန်လိုကြောင်းနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်၍ အချိန်နှင့်တပြေးညီ ဆက်လက်သတင်းပေးထုတ်ပြန်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။


27 Jul 2017     1,219 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS