BEC-TERO TV

အသက် ၃၅ မှာ အိမ်ထောင်ပြုမယ်လို့ပြောလိုက်တဲ့ အေးမြတ်သူ

27 Jul 2017     1,292 Views


အနုပညာမျိုးရိုးမရှိခဲ့တဲ့ မမြတ်လေး (အေးမြတ်သူ) ဟာ အနုပညာလောက ကို ၂၀၀၄ romanson ပွဲကနေဆု ရခဲ့ ပြီး စရောက်ခဲ့ပါတယ် ။ “ကျွန်တော်က ပရိတ်သတ်ရင်ထဲကို ဒုန်းခနဲ ၀င်လာတာမဟုတ်ပဲ တဖြည်းဖြည်းနဲ့ ၀င်ခဲ့သလိုခံစားရတယ် ။ ရှိုးပွဲတွေ လျှောက်ကတည်းက မန္တလေး ၊ ဗန်းမော်က လူတွေက အရမ်းသဘောကျကြတယ်။ အနုပညာထဲ ၀င်ပြီးမင်းသမီးလဲ ဖြစ်ကော ဒီကောင်မလေးသိတယ် မန္တလေး မြို့တော်ခန်းမမှာ လာပြီး ရှိုးလျှောက်သွားတာဈေးရောင်းပွဲတော်တုန်းက အဲ့ဒိလိုမျိုး ကျွန်တော်က မော်ဒယ်လောကတုန်းက တော်တော်အောက်သက်ကြေခဲ့တာပါ ။ ဈေးရောင်းပွဲတော်လည်းလျှောက်ခဲ့ရတယ် ။ ပန်းဖလက်တွေဝေတာတွေလည်း လုပ်ခဲ့ဖူးတယ် ။ တဖြည်းဖြည်းချင်းတက်ခဲ့ရတာပါ ။

လတ်တလော ဇာတ်လမ်းတွဲတွေ ရိုက်နေတယ် ။ လက်ခံထားတဲ့ ကားကြီးတွေလဲ ရိုက်ဖြစ်မယ် ။ ရှေ့ပိုင်းမှာ ရိုက်ခဲ့တဲ့ တီဗီတွေ အကုန်လုံးနီးပါး Bella တို့ အန်တီပေါက် ရဲ့ ချိတ် FGM နောက် မဇူရီ ရဲ့ အမျိုးသမီးသုံး skin care တွေ နောက် Samsung အဲ့ဒါတွေလဲ အကုန်ထွက်သွားပြီ ။အချိန်လေးနည်းနည်း ရရင် ကိုယ့်နောက်ပါမယ့် ပရဟိတလေးတွေ လုပ်ဖြစ်တယ် ။

ကျွန်တော်က စိတ်မြန် ၊ လက်မြန် ရှိပြီး စကားပြောမြန်တယ် ။ ယောက်င်္ကျားဆန်တယ် ။ စကားပြောရင် အာကျယ်အာကျယ်နဲ့ ပြောတယ် ။ တစ်ခါတလေ သူများစကားကို ဖြတ်ပြီးပြောရင်လည်းပြောတတ်တဲ့ အကျင့်ရှိတယ် ။

အချစ်ရေးနဲ့ ပတ်သတ်ပြီး အခုအသက် ၃၂ နှစ်ဖြစ်သွားပြီဆိုတော့ ချစ်သူခင်သူ တွေကတော့ အများကြီးပဲ ။ ချစ်သူထက် အနာဂတ်လက်တွဲဖော်လို့ပဲ သုံးချင်တယ် ။ လက်တွဲဖော်ကို အခုချိန်မှာ စူးစမ်းနေဆဲကာလ ပါပဲ ။ ၃၀ မှာအိမ်ထောင်ပြုမယ်လို့ ပြောခဲ့ပေမယ့် ရှာမတွေ့ခဲ့သေးတော့ နဖူးစာလည်း ရွာမလည်လာဘူး ကျွန်တော်လည်းယောက်င်္ကျားမရခဲ့ဘူး ။ ကျွန်တော် ၃၅ လို့တော့မှန်းထားပါတယ် ။ ၃၅ တော့ နောက်ဆုံးအိမ်ထောင်ပြုချင်ပါတယ်” လို့ ပြောသွားခဲ့ ပါတယ်။

Credit:oasis


27 Jul 2017     1,292 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment