BEC-TERO TV

Acid အဖွဲ့လိုက်အခွေထွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ ရန်ရန်ချန်း

27 Jul 2017     1,256 Views


Acidအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ရန်ချန်းဟာ အခု သုံးယောက်တွဲ အခွေတစ်ခွေလုပ်နေတယ် ပြီးတော့ပြီးနေပြီ နည်းနည်းပြင်ဆင်စရာလေးတွေ ရှိနေလို့ပါလို့ ပြောထားပါတယ် ။သုံးယောက်တွဲခွေမှာ ဂျေမီ ရယ် G-Tone ရယ် ကျွန်တော်ရယ် သုံးယောက်ပါလို့ ပြောထားပါတယ် ။

တခြားအခွေတွေလည်း ထွက်နေတာများတဲ့အတွက် အချိန်လေးတစ်ခုကို ချိန်နေတာပါ ။ Hip Hop သီးသန့်ပါပဲ ။ နောက်တက်လူငယ်လေးတွေလဲ ကိုယ်တွေထက်တောင် ပညာပိုင်း ပိုတော်နေတယ်လို့ပြောလို့ ရတယ် ။ ကိုယ်တွေတုန်းက အတွေ့အကြုံရှိတာပဲ ရှိခဲ့တယ် ။

သူတို့ကတော့ နည်းပညာပိုင်းရော ၊ အထောက်အကူပိုင်းမှာပါ ကိုယ်တွေထက်အများကြီးရတယ် ။ Acid အဖွဲ့လိုက် အယ်လ်ဘမ် အနေနဲ့ကတော့ ထွက်ဖို့ ခဲယဉ်းဦးမယ် ။ တစ်ဦးချင်းစီပဲ ထွက်ဖို့များတယ် လို့ ပြောသွားခဲ့ပါတယ်  ။

Credit:oasis


27 Jul 2017     1,256 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment