BEC-TERO TV

အိုင်စတိုင်းရဲ့ သီအိုရီမမှန်ဘူးလို့ ပြောလိုက်တဲ့ ၉ နှစ်နဲ့ ဘွဲ့ရတဲ့ ကလေးငယ်

07 Aug 2017     1,529 Views


ယခုရေးသားမယ့် အကြောင်းအရာဟာ ထူးခြားလွန်းလို့  စာဖတ်သူတွေအနေနဲ့ ယုံတမ်းပုံပြင် တစ်ပုဒ်လို့တောင် ထင်ကောင်း ထင်နိုင်ပါတယ်။ အမေရိကန်နိုင်ငံ ပန်ဆယ်ဗေးနီးယားမှာ နေထိုင်တဲ့ ဝီလီယံမာလစ် ဆိုတဲ့ အသက် ကိုးနှစ်အရွယ် ကောင်လေး တစ်ယောက်ဟာ အသက်ငယ်ရွယ်လွန်းပေမယ့် ကောလိပ်ကျောင်းတက်လို့ ဘွဲ့တောင်ရရှိသွားပြီဖြစ်တဲ့ အရမ်းကိုထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ပါတယ်။
သူဟာ အထက်တန်းကို ဆယ်ကျော်သက်အရွယ် မတိုင်ခင်ကတည်းက အောင်မြင်ခဲ့တာပါ။ ကားမောင်းဖို့ အသက်မပြည့်သေးတဲ့ ဘွဲ့ရချာတိတ် တစ်ဦးဖြစ်ပါတယ်။


 

သူ့ရဲ့မိဘတွေဖြစ်တဲ့ ပီတာနဲ့ နန်စီတို့က သူဟာ အသက်ခြောက်လ အရွယ်တည်းက စကားလုံးတို့နှင့် နံပါတ်တွေကို မှတ်မိကြောင်း၊ ခုနှစ်လသားအရွယ်မှာ ပြီးပြည့်စုံတဲ့စာကြောင်း ကိုရေးနိုင်ဖတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ သူ့အဖေကတော့ ဝီလီယံဟာ အရမ်းတော်တယ်၊ သူမြင်သမျှ အရာအားလုံးကို မှတ်မိတယ်လို့ပြောပါတယ်။ ယခု ဘွဲ့ယူပြီးတဲ့အချိန်မှာတောင် မိဘတွေဟာ သူဖြစ်ချင်တဲ့ အရာကို လုပ်ခွင့်ပြုထားပါတယ်။
 

 

သူ့ရဲ့ဆရာ၊ ဆရာမတွေကတောင် သူ့သူငယ်ချင်းတွေကို သူ့ထက်အသက် တဝက်ငယ်တဲ့သူလို
ဆက်ဆံကြောင်းပြောထားပါတယ်။ အငယ်ဆုံး ကောလိပ်ကျောင်းဆင်းအဖြစ် သတ်မှတ်ခံရတာ ဘယ်လိုနေလဲဟု မေးခြင်းခံရတဲ့အခါမှာ အလေ့အကျင့်ဖြစ်နေပါပြီလို့ ပြန်ဖြေခဲ့ပါတယ်။ အတန်းထဲမှာ အငယ်ဆုံးဖြစ်ရတာ ကျွန်တော်တော့ဘယ်လိုမှ မခံစားရပါဘူး၊ နေသားကျနေပါပြီလို့ ပြန်ဖြေခဲ့ပါတယ်။
 

 

ဝီလီယံဟာ အိုင်းစတိုင်းနဲ့ ဟော့ကင်းတို့ရဲ့ ဧရာမတွင်းနက်ကြီး၏အရွယ်အစားနဲ့ ပက်သက်တဲ့ သီအိုရီတွေကို မမှန်ဖူးလို့တောင် ငြင်းဆိုထားပါတယ်။ သူ့မှာလည်း စကြဝဠာကြီးဖြစ်တည်ပုံနှင့် ပက်သက်တဲ့ ယူဆချက်တွေ လည်းရှိကောင်းရှိနိုင်ပါတယ်။ သူ့ရဲ့အိမ်မက်ဖြစ်တဲ့ ဂြိုလ်၊ နက္ခတ်ဗေဒပညာရှင်တစ်ယောက်ဖြစ်အောင် ပြုလုပ်ပြီး ဘုရားရှိတည်ရှိမှုကိုလည်း သက်သေပြမည်ဟု ဆိုထားပါသေးတယ်။
 


07 Aug 2017     1,529 Views




RELATED

Most Popular of Special or Others

Most Popular of Life Style