BEC-TERO TV

ဂျက်ကီချန်းနှင့် ဂျိမ်းစ်ဘွန်းမင်းသား Pierce Brosnan တို့အပြိုင်ကြဲကြမယ့် The Foreigner

09 Aug 2017     1,627 Views


ဂျက်ကီိချမ်းဆိုတာနဲ့ မကြိုက်တဲ့သူမရှိတဲ့အထိ အောင်မြင်မှုများစွာကို ရယူထားနိုင်တဲ့ အာရှမင်းသားတစ် ယောက်ဆိုတာ လူတိုင်းသိထားပြီးဖြစ်ပါတယ်။

ထို့အတူပါပဲ 007 မင်းသားဖြစ်တဲ့ Pierce Brosnan ကလည်း ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ခဲ့ သူတစ်ဦးပါ။ အခုနောက်ပိုင်း ဂျိန်းစ်ဘွန်းမင်းသား ပြောင်လဲပြီး မင်းသားအသစ်နဲ့ နည်းပညာ အသစ်အဆန်းတွေ ပေါင်းစပ်ပြီး ချပြလာပေမဲ့ Pierce Brosnan လောက်တော့ သဘောမတွေ့လှပါဘူး။

အောက်တိုဘာ ၁၃ ရက်မှာ ပြသဖို့ ကြေညာထားပြီးဖြစ်တဲ့ The Foreigner ဆိုတဲ့ ဇာတ်ကားဟာ Brosnan အတွက်ရော ဂျက်ကီချန်းအတွက်ပါ အမှတ်တရဖြစ်စေမဲ့ ရုပ်ရှင်ကားကြီးတစ်ခု ဖြစ်သလို နှစ်ဦးစလုံးရဲ့ ပရိသတ်တွေအထူးစောင့်စားနေတဲ့ ရုပ်ရှင်ကြီးလည်းဖြစ်လာမှာ သေချာပါတယ်။

The Foreigner ကို ဒါရိုက်တာ Martin Campbell ကရိုက်ကူးထားပြီး စာရေးဆရာ Stephen Lether ရဲ့ နာမည်ကြီးဝတ္တုကို ရိုက်ကူးထားတာဖြစ်တယ်။ အသက်တွေကသာ အဖိုးကြီးစာရင်းဝင်လာကြပေမဲ့ ဒီမင်းသားနှစ်ဦးဟာ သူတို့ရဲ့ကြိုစားနေကြအတိုင်း ယခုရုပ်ရှင်မှာ ကြမ်းရမ်းပြထားပါတယ်။

ဒီဇာတ်ကားမှာ ဂျက်ကီချန်းဟာ မိသားစုတွေကို ကယ်တင်မယ့် သက်ကြီးပိုင်းလူတစ်ဦး Minh Quan နေရာမှသရုပ်ဆောင်ထားပြီး ရဲတွေကတောင် မဖမ်းဆီးနိုင်၊ မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမသူဖြစ်ပါတယ်။ အဓိက ဗီလိန်နေရာ Hennessery ကို ဘွန်းမင်းသားဟောင်း Brosnan က သရုပ်ဆောင်ထားပြီး သူတို့နှစ်ဦးထိပ်တိုက် အပြိုင်ကြမ်းကြမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

လန်ဒန်မြို့က သာမန်စီးပွားရေးသမား တစ်ဦးသာဖြစ်တဲ့ ဂျက်ကီချန်းနဲ့ ရဲတွေလက်မြှောက်ထားရတဲ့ ဖိုက်တာကြီး Brosnan တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ရပုံတွေကို ငွေရောင်ပိတ်ကားပေါ်မှာ မကြာမီ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

The Foreigner ကို အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်အကုန်အကျခံ ရိုက်ကူးထားပြီး  STX Entertainment က ဖြန့်ချီမှာဖြစ်ပါတယ်။ The Foreigner ဇာတ်ကားကြီးရဲ့ ထူးခြားချက်ကတော့ ဂျက်ကီချန်း ရဲ့ Stunt အဖွဲ့က မျိုးဆက်သစ်အချို့ပါဝင်လာမှာဖြစ်ပါတယ်။

The Foreigner နဲ့အတူ ဂျက်ကီချန်းဟာ Bleeding Steel ဆိုတဲ့ သိပ္ပံဇာတ်ကားတစ်ကားကို ပြသဖို့ရှိနေပြီး စက်ရုပ် လူသားအဖြစ်လည်း ထူးထူးခြားခြား ပါဝင်သရုပ်ဆောင်ထားပါတယ်။ Bleeding Steel နဲ့ The Foreigner ရုပ်ရှင်နှစ်ကားဟာ အချိန်သုံးလသာခြားပြီး ပြသလာမှာဖြစ်သလို နှစ်ကားလုံးမှာ ဂျက်ကီချန်းကို ပုံစံသစ်တစ်ခုစီ နဲ့တွေ့မြင်မှာဖြစ်ပါတယ်။


09 Aug 2017     1,627 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment