BEC-TERO TV

အဆိုတော် ခိုင်ထူး ကွယ်လွန်ခဲ့ရတဲ့ ပန်ကရိယကင်ဆာရောဂါ အကြောင်း သိကောင်းစရာ

10 Aug 2017     1,803 Views


အလွန် ဆိုးရွားပြီး ၊ အသက်ကို မြန်မြန်ဖြတ်ချနိုင်၊ ဖြတ်ချလေ့ရှိသော ကြောက်စရာ ကောင်းသော ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ ဒီကင်ဆာဟာ အတော်လေး ဖြစ်နေတာ ကြာမှလည်းသိရတာလဲ ဖြစ်ပါတယ်။ သိပြန်တော့လဲ ကင်ဆာအဆင့်ဟာ အတော်လေးမြင့်နေပြီ ဖြစ်ပါတယ်။ ကင်ဆာကုရိုးကုစဉ်နည်း တွေနဲ့လဲ မအောင်မြင်တာများပါတယ်။


ဒါကြောင့်လဲ မဖြစ်လာအောင် နေထိုင်ဖို့က အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဖြစ်လာရတဲ့အကြောင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောတော် မူ ခဲ့ သည့် အတိုင်း အကြောင်း အမျိုးမျိုးကြောင့် အကျိုးအမျိုးမျိုး ဆိုတာ ဖြစ် ပေါ်လာခြင်းဖြစ်ပါတယ်။

 

ဒီကင်ဆာ ရဲ့ ဖြစ်ကြောင်းတွေကို ကြည့်မယ်ဆိုရင်

 
၁။ သကြားဓာတ်များနေခြင်း။
 
Fructose သကြားအလွန်ဆိုးပါတယ် အခုခေတ်မှာ၊ မုန့်မျိုးစုံ၊ ပြုပြင်ပြီး အစားအသောက် မျိုးစုံမှာ ဒီသကြားက ပါနေပါတယ်။ အချိုရည်မျိုးစုံမှာလည်း အဓိက၊ ဒီသကြားပဲ ဖြစ်ပါတယ်။
 
၂။ ကိုယ်လက် လှုပ်ရှားမှုနည်းနေခြင်း
၃။ နေရောင်ခြည် အရနည်းနေခြင်း တို့ ဖြစ်ပါတယ်။

 

ပန်ကရိယကနေ သကြားဓာတ်ကို အသုံးချရန် အင်ဆူလင်ဟိုမုန်း ဆိုတဲ့ဓါတ်တစ်မျိုး ထွက်ပေးရပါတယ်။ သကြားလို့ ပြောလိုက်ရင် ကဆီဓာတ် ဖြစ်သည့် ကာဗွန်ဟိုက်ဒရိတ် အကုန် လုံး ပါ ပါတယ်။ ထမင်း၊ ပေါင်မုန့်၊ အာလူး ၊ အချိုမုန့် မျိုးစုံ စသည်ဖြင့် ဖြစ်ပါတယ်။
 
 
အင်ဆူလင်ဟိုမုန်း ဟာ −
 
၁။ သကြားဓာတ်ကို ကလာပ်စည်းတွေက အသုံးချနိုင်အောင် လုပ်ပေးတာ ဖြစ်ပါတယ်။
၂။ ကင်ဆာ ကလာပ်စည်းတွေကိုလည်း ကြီးထွား သန်စွမ်း စေပါတယ်။ ဒါ ကြောင့် ဘာကင်ဆာ ပဲ ဖြစ်ပါစေ၊ ခန္ဓာကိုယ်ထဲ မှာ အင်ဆူလင်ဟိုမုန်း နည်းနိုင်သမျှနည်းအောင် နေရမှာ ဖြစ်ပါတယ်။
 
ပန်ကရိယကင်ဆာ မဖြစ်လာရအောင် ကာကွယ်နည်းတွေ ကတော့ −
 
၁။ သကြားဓာတ် ကို လျော့နိုင်သမျှ လျော့ပါ။
၂။ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။
၃။ နေ ရောင်ခြည်ရပါစေ။
 
ကျွန်မ တို့ အား လုံး ရဲ့ ဇာတ်လိုက် ဖြစ် သည့် ဗိုက်တာမင် ဒီ ကို အဆင့်မြှင့် အကောင်းဆုံး အနေအထား ( optimal level ) ဖြစ်အောင် ထားရပါ မယ်။
ဒီလိုအနေအထားမှာ ရှိနိုင်မယ် ဆိုရင် ဒီကင်ဆာ ဖြစ်နှုံးဟာ ၅၀% ကျသွားပါတယ်လို့ ပြောပါတယ်။
 
၄။ Antioxidants(အင်တီအောက်ဆီဒင့်) တွေများတဲ့ ဟင်းသီးဟင်းရွက် များများ စားရမှာ ဖြစ်ပါတယ်။ ဒီ network ကို သောက် ပေးနိုင်ရင်လဲ ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပါတယ်။
၅။ တတ်နိုင် ရင် သဘာဝ Organic အစားအစာများကိုသာ စားသုံးစေချင်ပါတယ်။

မောဟဖုံးပြီး လောဘဦးဆောင်နေသည့် ခေတ်ကြီးမှာ သတိ နဲ့ အသိရှိဖို့ အလွန်လိုပါတယ်။ ကျန်းမာခြင် တဲ့ ဆန္ဒကလဲ ရှိရမယ်။ ကျန်းမာခြင်တဲ့ စိတ်ကလဲ ရှိရမယ်။ ဝီရိယကလဲ လိုပြန်ပါတယ်။ ကျန်းမာရေး ဗဟုသုတတွေနဲ့လဲ ပြည့်စုံရပါမယ်။ စာဖတ်တဲ့ အလေ့အကျင့် လုပ်ပေးဖို့ လိုပါတယ်။ ဒါတွေနဲ့ ပြည့်စုံရင် ရောဂါမျိုးစုံနဲ့ လွှမ်းနေတဲ့ လောကကြီးမှာ သက်သာရာ ရပါလိမ့်မယ်လို့ ထင်ပါတယ်။


Credit Dr. Khin Nwe Win

 


10 Aug 2017     1,803 Views




RELATED

Most Popular of Health Fix

Most Popular of Life Style