BEC-TERO TV

နှစ်ပေါင်း ၂၀ လုပ်အားခကို စကားကြီး သုံးခွန်းနဲ့ လဲခဲ့သူ

10 Aug 2017     1,557 Views


ဘုရားသခင်ဟာ သူ့ထံဆုတောင်းတဲ့သူတွေကို ဟုတ်တယ်၊ မဟုတ်ဘူးနဲ့ စောင့်ကြည့်ပါဆိုတဲ့ အဖြေသုံးမျိုးပဲ ပေးလေ့ရှိတယ်လို့ လူတွေကဆိုကြတယ်။ မှန်ပါတယ်။ လူတိုင်းဟာ ကိုယ်သိချင်တဲ့ အဖြေကို ချက်ချင်းရရင် မဆိုင်းမတွပျော်ရွင်သွားကြပြီး စောင့်ကြည့်ရဦးမည်ဆိုရင် အနည်းနဲ့အများတော့ စိတ်ပျက်သွားတတ်ကြပါတယ်။


ဒါပေမဲ့ ကျွန်တော်တို့လို လူသားတွေအတွက်တော့ စောင့်ရမလား၊ မစောင့်ရဘူးလား။ ဆုပ်ကိုင်ထားရမလား၊ စွန့်လွတ်ရမလား မသိတဲ့အချိန်တွေဟာ အခက်ခဲဆုံးအချိန်တွေပါ။ တစ်ခါတစ်ရံမှာတော့ အဖြေကို စောင့်ဆိုင်း ရတာဟာ ချက်ချင်းသိရတာထက် ပိုမိုကောင်းမွန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကယ်လို့သာ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရင် နဂိုထက်ပိုမိုကောင်းမွန်တဲ့ အဖြေတွေ ရလာတတ်လို့ပါ။

 

ဒီပုံပြင်လေးကို ဖတ် ကြည့်ပါဦး။
တခါတုန်းက ဆင်းရဲချို့တဲ့ တဲ့လင်မယားနှစ်ယောက်ဟာ သေးငယ်တဲ့ ခြံလေးတစ်ခြံမှာ တူတူနေထိုင်ကြပါ တယ်။ သူတို့ဟာ အလွန်ဆင်းရဲတဲ့အတွက် သူ့မိန်းမကို ဆင်စရာ ဘာမှကို မရှိပါဘူး။ ဒါကြောင့် ယောက်ျားဖြစ်သူဟာ ဒီနေရာက ထွက်သွားပြီး အလုပ်ရှာမှ သင့်တော်မယ်ဆိုပြီး ခရီးထွက်ဖို့ ပြင်ဆင်ပါတော့တယ်။ မသွားခင်မှာလည်း သူ ဟာ သူ့မိန်းမကို သစ္စာရှိဖို့နဲ့ သူ့အပေါ် သစ္စာရှိရင် သူကလည်း သစ္စာရှိမယ်လို့ဆိုကာ ခရီးထွက်လာခဲ့ပါတယ်။


ရက်ပေါင်းများစွာ ခရီးထွက်ပြီးတဲ့နောက်မှာ အကူအညီလိုနေတဲ့ လယ်သမားတစ်ယောက်နဲ့တွေ့ပြီး အလုပ်ရခဲ့ပါတယ်။ ဒါပေမဲ့ သူက အလုပ်မလုပ်ခင် အခြေအနေတချို့ကို သဘောတူပေးဖို့ လယ်ပိုင်ရှင်ကို တောင်းဆိုခဲ့ပါတယ်။ သူတောင်းဆိုတာကတော့ သူအဆင်ပြေသလောက် အချိန်ထိ အလုပ် လုပ်ပေးမယ်၊ ပြန်ဖို့အချိန်ရောက်ပြီလို့ ထင်ရင် သူ့ကိုပြန်ခွင့်ပြုဖို့၊ လစာကိုလည်း ကြိုပေးဖို့မလိုပဲ သူပြန်မယ့်ရက်ရောက်မှဦသာ တစ်ပေါင်းထဲပေးဖို့ တောင်းဆိုခဲ့တာပါ။


နှစ်ပေါင်း နှစ်ဆယ်လောက် နားရက်မယူဘဲ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးတဲ့နောက်မှာ သူဟာ လယ်သမားကြီးဆီ သွားပြီး သူ့ကိုပြန်ခွင့်ပြုဖို့နဲ့ လစာထုတ်ပေးဖို့ သွားပြောပါတယ်။ လက်သမားကြီးကလည်း သူကတိပေးထားတဲ့ အတိုင်း ကတိတည်ကြောင်းနှင့် ရွေးချယ်မှုတစ်ခု ထပ်မံကမ်းလှမ်းလိုကြောင်း ပြောပါတယ်။

ကမ်းလှမ်းမှုကတော့ သူစု ဆောင်းခဲ့သမျှ လစာအကုန်ယူပြီးပြန်မလား ဒါမှမဟုတ် အကြံပေးချက် သုံးခုယူပြီးပြန်မလားလို့ မေးကာ ရွေးချယ်နိုင်ရန် စဉ်းစားဖို့ အချိန်ပေးလိုက်ပါတယ်။ နှစ်ရက်ခန့် စဉ်းစားပြီးတဲ့အခါမှာတော့ သူဟာ လယ်သမားကြီးပေးမဲ့ အကြံပေးချက် သုံးခုကိုပဲယူပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဒီအခါမှာ လယ်သမားကြီးက သူ့ကို အောက်ပါအတိုင်း −
၁။ ဘယ်တော့မှ ဖြတ်လမ်းမလိုက်ပါနဲ့။
၂။ ဘယ်တော့မှ သိလိုစိတ်မပြင်းပြပါနဲ့၊
၃။ ဒေါသဖြစ်နေချိန်၊ နာကျင်နေချိန်မှာ ဆုံးဖြတ်ချက်ကို အလွယ်တကူ ဘယ်တော့မှ မချပါနဲ့ ဆိုတဲ့ အကြံဉာဏ် သုံးချက်နဲ့အတူ လမ်းခရီးမှာ စားဖို့ ပေါင်မုန့်ကြီး သုံးချပ်ပေးကာ ပြန်ခွင့်ပြုလိုက်ပါတယ်။


နောက်ဆုံးမှာတော့ ထိုသူဟာ သူသိပ်ချစ်တဲ့ သူ့ဇနီးမယားဆီ ပျော်ရွင်စွာနဲ့ပဲ ပြန်လာခဲ့ပါတယ်။
ပထမဆုံး ခရီးစထွက်တဲ့နေ့မှာ သူဟာ သူ့ကို နှုတ်ဆက်တဲ့ လူတစ်ယောက်နဲ့တွေ့ပါတော့တယ်။ သူက လမ်းခရီးအခြေနေကို မေးတဲ့အခါမှာတော့ ရက်ပေါင်းနှစ်ဆယ်လောက်ကြာမြင့်မယ်ခရီးကို ဒီလမ်းက မသွားပါနဲ့၊ ငါးရက်ထဲနဲ့ရောက်မယ့်လမ်းကို ညွှန်ပါရစေလို့ဆိုပါတယ်။


ဒါနဲ့ပဲ ထိုလူညွှန်လိုက်တဲ့ လမ်းကနေသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အတောါအတန်သွားမိတဲ့အခါ ရုတ်တရက် လယ်သမားကြီးပြောခဲ့တဲ့ “ဘယ်တော့မှ ဖြတ်လမ်းမလိုက်နဲ့” ဆိုတဲ့စကားကို သတိရလိုက်ပါတယ်။ သတိရရခြင်းပဲ နောက်ပြန်လှည့်ကာ ပုံမှန်လမ်းကြောင်းရှည်အတိုင်း ခရီးပြန်ဆက်ခဲ့ပါတယ်။
ရက်ပေါင်းများစွာကြာပြီးတဲ့ နောက်ပိုင်းတော့မှာ သူများလမ်းညွှန်တဲ့  ဖြတ်လမ်းကြောင်းတိုမှာ ခြုံခိုလုယက်တဲ့ အဖွဲ့ရှိကြောင်းသိခဲ့ရပါတယ်။


ရက်ပေါင်းများစွာခရီးနှင်ပြီးတဲ့ နောက်မှာသူဟာ ရွာတစ်ရွာထဲက တဲလေးထဲမှာ တည်းခိုခွင့်တောင်းခဲ့ရာ ပိုင်ရှင်က တစ်ညတာ အိပ်စက်ခွင့်ပြုခဲ့ပါတယ်။ ညအချိန်မှာ ကြောက်လန့်ဖွယ် စူးစူးဝါးဝါးအော်သံကြောင့် လန့်နိုးလာပါတယ်။ အသံရှင်ကို ရှာဖို့အတွက် တံခါးနားကို လျှောက်သွားပါတယ်။ တံခါးကိုဖွင့်ဖို လုပ်စဉ်မှာပဲ လယ်သမားကြီးရဲ့ စကားကိုသတိရပြီး ဆူညံသံကို လျစ်လျူရှုကာ ပြန်အိပ်ခဲ့ပါတယ်။


နောက်တနေ့ မနက် ရောက်တော့ တဲပိုင်ရှင်ကသူ့ကို အော်သံမကြားဖူးလားလို့မေးရာ ကြားမိကြောင်း မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ ထို့နောက် ပိုင်ရှင်မှ သွားမကြည့်ဖူးလားလို့မေးရာ မကြည့်ဖြစ်ကြောင်း ပြန်ဖြေရာ ပိုင်ရှင်မှ ၀မ်းသာအားရဖြင့် သူသည် လာတည်းသမျှထဲတွင် ပထမဆုံး အသက်ရှင်ကျန်သူဖြစ်ကြောင်း၊ သူ့၏ အိမ်နီးနားချင်းမှာ ရူးနေပြီး ညဆိုလျှင် အသံစူးစူးဝါးဝါး အော်ခေါ်ကာ လာသမျှသူကို သတ်ပစ်ကာ ခြံဝင်းထဲတွင် မြုတ်ပစ်ကြောင်းပြောဆိုပြီး ရွာပေါက်ဝထိ လိုက်ပို့လေသည်။


ထိုသူသည် နေ့ပေါင်းများစွာ၊ ညပေါင်းများစွာ ပင်ပင်ပန်းပန်းလမ်းလျှောက်ပြီးနောက် သူ့၏ အိမ်ပေါက်ဝကို လှမ်းမြင်လိုက်တယ်။ ညဘက်ဖြစ်သည့် အတွက် ပြတင်းပေါက်မှ မီးရောင်ထွက်နေသောကြောင့် သူ့မိန်းမ၏ ပုံသဏ္ဍန်ကို လှမ်းမြင်လိုက်ပါတယ်။ ဒါပေမဲ့ သူဟာ သူ့မိန်းမနဲ့ အတူ ယောကျာ်းတစ်ယောက်ကိုပါ လှမ်းမြင် လိုက်တယ်။ သူ့မိန်းမက ထိုယောကျာ်းရဲ့ ဆံပင်ကို ထိုးဖွကစားနေတာကို တွေ့လိုက်ရပါတယ်။

သူ့နှလုံးသားဟာ ချက်ချင်းပဲ နာကျင်မှုတွေ၊ ခါးသီးမှုတွေနဲ့ ပြည့်နှက်သွားပါတယ်။ သူဟာ သူ့မိန်းမနဲ့ ထိုယောကျာ်းကို သတ် ဖို့အထိတောင် တွေးခဲ့ပေမဲ့ လယ်သမားကြီးရဲ့ စကားကိုသတိရပြီး တစ်ညတာ မြက်ခင်းပေါ်မှာ အိပ်ခဲ့ပါတယ်။  


မနက်ရောက်တဲ့ အချိန်မှာ သူဟာ တည်ငြိမ်စပြုလာပါပြီ။ သူဟာ လယ်သမားကြီးဆီပြန်သွားပြီး တစ်သက်လုံး အလုပ်လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ပြန်မထွက်ခင်မှာ နှုတ်ဆက်ဖို့အတွက် တံခါးဆီကို လျှောက်လာခဲ့ပါတယ်။ ထို့နောက် တံခါးကို ဖြေးညှင်းစွာခေါက်လိုက်ပါတယ်။ သူ့မိန်းမက တံခါးကိုဖွင့်ကာ မှတ်မိလျှင် မှတ်မိခြင်း သူ့ယောကျာ်းကို ပြေးဖက်လိုက်ပါတယ်။


သူဟာ သူမကို တွန်းဖယ်ချင်ပေမဲ့ မလုပ်ရက်ပါဘူး။ ပြီးနောက် ၀မ်းနည်းစွာနဲ့ သူ့အပေါ်ကို ဘာလို့သစ္စာဖောက်တာလဲလို့ မေးမြန်းပါတယ်။ သူ့မိန်းမဟာ လန့်သွားပြီး သစ္စာမဖောက်ခဲ့ကြောင်း၊ နှစ် နှစ်ဆယ်လုံး စောင့်နေခဲ့ကြောင်း ပြောပါတယ်။

ဒါနဲ့ မနေ့ညက တွေ့မြင်ခဲ့ရသော အဖြစ်ပျက်ကို မေးကြည့်ရာ မြင်ခဲ့ရသော ယောက်ျားမှာ သူ၏ သားဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သူ့မိန်းမကို ခွင့်လွတ်ဖို့ တောင်းပန်ခဲ့ပါတယ်။

ပြီးနောက် သူ့သားကို သွားတွေ့ကာ အကြာကြီး ဖက်ထားခဲ့ပြီး သူလမ်းခရီးတွင် တွေ့ကြုံခဲ့တဲ့ ဇာတ်လမ်းကို ပြန်ပြောပြပါတော့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမဟာ ကော်ဖီယူလာခဲ့ပြီး လယ်သမားကြီးပေးလိုက်တဲ့ ပေါင်မုန့်ကို မိသားစု သုံးယောက်ပျော်ရွှင်စွာ ခွဲဝေစားကြပါ တော့တယ်။




 


10 Aug 2017     1,557 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family