BEC-TERO TV

မြောင်းမြမြို့ပေါ်က ဆယ်ကျော်သက်တွေ အနုကြမ်းစီးမှု ဖမ်းဆီးရမိ

15 Aug 2017     1,285 Views


သြဂုတ်လ ၄ ရက်နေ့က မြောင်းမြမြို့ပေါ်တွင် နေခင်းကြောင်တောင်တွင် အိမ်ထဲဝင်ပြီး ဓါးထောက်လုခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါအမှုကို လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ပြီး ကျူးခွန်ခဲ့သည့် ဆယ်ကျော်သက်လူငယ် သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


မြောင်းမြခရိုင် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင် တို့၏ စွမ်းဆောင်ဖေါ်ထုတ်မှုကြောင့် (၁၀)ရပ်ကွက် ဦးလုံးထောင်ရောက်နေလမ်းတွင် နေထိုင်သော တရားခံများဖြစ်ကြသည့်  မင်းထက်(ခ)ဟာစင်း (၁၇ နှစ်)နှင့်ဇနီးဖြစ်သူ နှင်းရီလွင်၊ ဇင်ကြီး(ခ)ဘာဘူလေး(ခ)ဇင်ကိုတို့ ၃ဦးကို သက်သေခံပစ္စည်းမျာနှင့်အတူ ဖမ်းဆီးရမိကြောင်းကနဦးသတင်းရရှိသည်။


သတင်းရင်းမြစ်− ရဝေမောင် မြောင်းမြ(သတင်းနဂါးမီဒီယာကွန်ယက်)


 


15 Aug 2017     1,285 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS