BEC-TERO TV

အီးစီကရက်သောက်သုံးမှုကြောင့် နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်မြင့်တက်

15 Aug 2017     1,614 Views


ဆေးလိပ်ဖြတ်သူ အများစုက ဆေးလိပ်အစားထိုး အီးစီးကရက် (E-cigarette) များသောက်သုံးလာကြပြီး အဆိုပါ အီးစီးကရက်များသည် ကျန်းမာရေးအတွက် အလွန်အန္တရာယ်များကာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း လေ့လာချက်များအရ တွေ့ရှိခဲ့ကြသည်ဟု ဒေးလီးမေး သတင်းဌါနက ထုတ်ပြန်ခဲ့သည်။
 
အီးစီးကရက်ဟု အများသိထားကြသည့် ရှုရှိုက်ပြီး အခိုးအငွေထွက်စေသောအရာအားလုံကို Vape အမျိုးအစားထဲတွင် ထည့်သွင်းသတ်မှတ်ထားသည်။ Vape ကို ၅မိနစ် သောက်သုံးခြင်းသည် ကြွက်များတွင် သွေးကြောကျဉ်းမှု ၁ နာရီလျှင် ၃၀ ရာခိုင်နှုန်းအထိ ရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ထို့အပြင် သွေးထဲရှိ အချိုဓါတ်ကျဆင်းစေပြီ: သွေးပေါင်ကျခြင်းတို့ ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။
 
အီးစီးကရက် သောက်သုံးခြင်းသည် ပုံမှန်ဆေးလိပ်သောက်သုံးခြင်းထက် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် လုံခြုံမှုရှိသည်ဆိုတာ မဟုတ်ပဲ သောက်သုံးသူအတွက် ဆေးလိက်ကဲ့သို့ပင် ဆိုးကျိုးများရှိကြောင်း အနောက်ဗားဂျီးနီးယားတက္ကသိုလ်မှ သုတေသီများက ပြောဆိုခဲ့သည်။
 
Vape မှ ထွက်လာသော အငွေ့ကို ကြွက်များဖြင့် စမ်းသပ်ခဲ့ရာ ၅ မိနစ်အတွင်းသွေးလှည့်ပတ်မှု နှေးကွေးစေကြောင်းတွေ့ရှိခဲ့ပြီး တစ်ပတ်လျှင် နာရီ ၂၀ ကြာနှင့် ၈ လခန့် စမ်းသပ်ခဲ့ပြီ:နောက် ထွက်ပေါ်လာသော ရလာဒ်များကို ဖော်ပြပေးခဲ့ခြင်းဖြစ်သည်။ အီးစီးကရက် သောက်သုံးမှုကြောင့် နှလုံးရောဂါအပြင် လည်ချောင်းနှင့်ပက်သက်သော ရောဂါများပါ ဖြစ်ပွားစေနိုင်ကြောင်း သိရှိရသည်။
 
ဆေးလိပ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အီးစီးကရက်သောက်သုံးသူများ ၆၅% ရှိပြီး ၈% ခန့်သာ ရည်ရွယ်ချက်အောင်မြင်ကြောင်းတွေ့ရှိရသည်။ ကျန်လူများမှာ ဆေးလိပ်အစား အီးစီးကရက်ကို စွဲလန်းသွားကြကြောင်း တွေ့ရှိရသည်။
 

15 Aug 2017     1,614 Views




RELATED

Most Popular of Health Fix

Most Popular of NEWS