BEC-TERO TV

သွေးသားတော်စပ်သူ ၁၉ နှစ်အရွယ် မိန်းကလေးကို အိမ်တွင်းအဓ္ဓမပြုကျင့်ခဲ့သူ အမျိုးသား လေးဦးအား ဖမ်ဆီး

15 Aug 2017     1,316 Views


သွေးသားအရင်းအချာတော်စပ်သူ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ်အဓ္ဓမပြုကျင့်ပြီးနောက် ကိုယ်ဝန်ရစေခဲ့သည့်အတွက် အမျိုးသား လေးဦးကို မလေးရှားရဲအဖွဲ့မှ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၂ နှစ်အရွယ် ဖခင်၊ အသက် ၅၇ နှစ်အရွယ် အဖိုး နဲ့ အသက် ၂၆ နှစ်နှင့် ၂၈ နှစ်အရွယ် ဦးလေး နှစ်ယောက် စုစုပေါင်း လေးဦးတို့က ဆွေမျိုးသားချင်းအရင်းအချာဖြစ်သူ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို အကြိမ်ကြိမ် ဝိုင်းဝန်း အဓ္ဓမပြုကျင့်ခဲ့ကြတာဖြစ်ပါတယ်။


မိန်းကလေးဟာ ကိုယ်ဝန်ရခဲ့ပြီး ဆာရာဝခ်ပြည်နယ် စီရင်ဆေးရုံကို သြဂုတ်လ ၁၁ ရက်နေ့က တက်ရောက်ခဲ့ချိန်တွင် အဖြစ်မှန်ပေါ်ပေါက်ကာ ရဲအဖွဲ့က အဆိုပါအမျိုးသား လေးဦးကို ချက်ခြင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မိန်းကလေး၏ ထွက်ဆိုချက်အရ သူမအသက် ၁၃ နှစ်အရွယ်ထဲကစပြီး အဓ္ဓမပြုကျင့်ခံခဲ့ရသလို သူမ၏ ညီမဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးမှာလည်း အသက် ၉ နှစ်အရွယ်ထဲက အဖိုး၊ အဖေ၊ ဦးလေးနှစ်ယောက်၏ အဓ်ူမပြုကျင်မှုကို ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ကျူးလွန်ခဲ့သူ လေးဦးကို ချုပ်ရက် တစ်ပတ်ဖြင့် ဖမ်းဆီးထားပြီး အမှုကိုဆက်လက် စုံစမ်းစစေ်ဆေးနေကြောင်း မလေးသတင်းစာ သည်စတားတွင် ဖော်ပြထားသည်။
 


15 Aug 2017     1,316 Views




RELATED

Most Popular of International News

Most Popular of NEWS