BEC-TERO TV

အနမ်းခန်းတွေမှာ မတော်တဆ ထိသွားတာတွေ ရှိတယ်ဆိုတဲ့ အိချောပို

15 Aug 2017     1,937 Views


အကိတ်လို့ ပြောလိုက်တာနဲ့ သရုပ်ဆောင် မင်းသမီး အိချောပို ကို လူတိုင်းပြေမြင်မိကြပါတယ် ။ ပရိတ်သတ်အခိုင်အမာ ရရှိနေတဲ့ အိချောဟာ လက်ရှိမှာ ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး မကြာခင်မှာလဲ ထွန်းထွန်းနဲ့ အတူ သရုပ်ဆောင်ထားတဲ့ ပွဲခံမယ် ရုပ်ရှင်ကားကြီး ရုံတင်ဖို့ လဲ ရှိနေပါတယ် ။

ရုံမတင်ခင် အချိန်ထဲက အွန်လိုင်းမျာ ပရိတ်သတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး အိချောပို နဲ့ ထွန်းထွန်းတို့ ရဲ့ အနမ်းခန်း ဇာတ်ဝင်ခန်းတွေ ကလဲ ပီပြင်လှပါတယ် ။

ထို အခန်းတွေ နဲ့ ပတ်သတ်ပြီး အိချောပိုက “အဲ့ဒိဇာတ်ဝင်ခန်းတွေက နည်းပါတယ် တစ်ခန်း နှစ်ခန်းပဲ ပါတယ် မတော်တဆ ထိသွားတဲ့ အခန်းလေးတွေလည်း ပါတယ် အနုပညာ အချင်းချင်းကတော့ မောင်နှမတွေလို ဖြစ်နေပြီလေ အဲ့ဒိတော့ အားလုံး အဆင်ပြေပြေ ရိုက်ကူးဖြစ်ကြတယ် ။ အဲ့ ဒါကြီးကို ပဲ အရမ်းကြီး focus မလုပ်စေချင်ဘူး ဇာတ်လမ်းက တကယ်ကို ကောင်းတဲ့ အချစ် ၊ အကြမ်း ၊ ဒရာမာ ရသစုံပါတယ်” လို့ ပြောသွားခဲ့ ပါတယ် ။

ရူံမတင်ခင်ထဲက အွန်လိုင်းမှာ ပေါက်နေတဲ့ အတွက်ဝမ်းသာတယ်  အိချော ကိုယ်တိုင်လဲ ၀တ်ထားတဲ့ အ၀တ်နဲ့ မလိုက်ပဲ ပြောဆိုသရုပ်ဆောင်ရတဲ့ အခန်းလေးတွေရှိတယ် ။ ကိုယ့် ရည်းစားကို အ၇မ်းချစ်တဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ကိုယ်တိုင်အားရတဲ့ ဇာတ်ကားလေးလဲ ဖြစ်ပါတယ်လို့ ပြောထားပါတယ် ။

 Credit:Myanmar celebrity

 


15 Aug 2017     1,937 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment