BEC-TERO TV

Rose Rider ဇာတ်ကားအတွက် ဆိုင်ကယ် ၃စီးဝယ်လိုက်တဲ့ ထွန်းထွန်း

15 Aug 2017     1,475 Views


ထွန်းထွန်းဟာ rose rider ဇာတ်ကားကို သူ့ရဲ့ နှင်းဆီ အငြိမ့်က ညီအကိုတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း ၊ နေတိုး ၊ကျော်ကျော်ဗို ၊ ရဲလေး ၊ အပြင် အခြား အနုပညာရှင်တွေနဲ့ သြဂုတ်လ ထဲ မှာ စတင်ရိုက်ကူးတော့မှာလဲ ဖြစ်ပါတယ် ။

ဒီဇာတ်ကား ရဲ့ အဓိက လိုအပ်ချက်က ဆိုင်ကယ်ဖြစ်တဲ့ အတွက် ဆိုင်ကယ်လေးတွေ ပြင်ဆင်ထားတယ် ကိုယ်တိုင်လဲ ဆိုင်ကယ်ကြိုက်တော့ မန္တလေးကို ဆိုင်ကယ်တွေ ပို့ပြီး ပြင်ထားတယ် ။ သေချာတာက ဆိုင်ကယ်ဇာတ်ကားဖြစ်တော့ စရုပ်ဆောင်အကုန်လုံး ကိုယ်ပိုင်ဆိုင်ကယ်တွေ ကိုယ်စီနဲ့ သရုပ်ဆောင်ကြမယ် ။

Body weight လည်းလိုအပ်တော့ ထိန်းရမယ် ။ ဆိုင်ကယ်တွေနဲ့ ရိုက်ရမယ့် အတွက် အရမ်းပျော်တယ် ။ ကိုယ်တိုင်လဲ ဆိုင်ကယ် ကြိုက်တော့ ဒီဇာတ်ကားကို အကြောင်းပြပြီးဆိုင်ကယ် ၃ စီး ၀ယ်လိုက်တယ် ။

နှင်းဆီ အဖွဲ့ ကို လာလျှောက်တဲ့ အယောက် ၃ထောင်ကျော်ထဲက ၅ယောက်ကို ရွေးထုတ်ခဲ့ ပြီး  ရွေးချယ်ထားတဲ့ မင်းသမီး ၅ယောက်ထဲက  ဇွန်လေးဖြူကို ဒီဇာတ်ကား ရဲ့ မင်းသမီး အဖြစ် ရွေးထားတယ် ။ ကျန်တဲ့ ၄ယောက်ကိုတော့ နှင်းဆီ အဖွဲ့ ရဲ့ နောက်ထက်ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ ပါဝင်စရုပ်ဆောင်ခွင့် ရမှာပါလို့ ပြောသွားခဲ့ ပါတယ်။

Credit:popular journal 


15 Aug 2017     1,475 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment