BEC-TERO TV

ဖိနပ်၊ ရေဗူးခွံများဖြင့် ပစ်ပေါက်ခံရ၍ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုမက် စင်ပေါ်မှဆင်းပြေးရ

16 Aug 2017     1,247 Views


( သြဂုတ်- ၁၅၊ ၂၀၁၇ ) လူထုစကားပြောစင်မြင့်ပေါ်တွင် ဟောပြောနေခိုက် ဖိနပ်၊ ရေဗူးခွံများဖြင့် ပစ်ပေါက်ခံရ ၍ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုမက် စင်ပေါ်မှဆင်းပြေးရကြောင်းStraitstimes စထရိတ်တိုင်းမ်း သတင်းစာက ရေးသားဖော်ပြသည်။ မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မြို့တော် ရှာအလန်တွင် သြဂုတ်လ -၁၃ ရက် ကျင်းပပြုလုပ်သော The Nothing To Hide 2.0 ဖိုရမ်တွင် ၀န်ကြီးချုပ်ဟောင်း တွန်မဟာသီယာ ( အသက် ၉၂ -နှစ် ) ဟောပြောနေ ခိုက် ရုန့်ရင်းဆန်ခတ်ဖြစ်ပွား၍ ဟောပြောပွဲရပ်ဆိုင်းလိုက်ရပြီး မဟာသီယာနှင့်အတူ အတိုက်အခံခေါင်းဆောင် များအား ဟောပြောပွဲခန်းမတွင်းမှ လုံခြုံရေးအစောင့်အရှောက်ဖြင့် ထုတ်ယူခဲ့ရကြောင်း ဒေသန္တရသတင်းများတွင်ဖော်ပြသည်ဆို၏။

ရန်ပွဲစတင်သူကို အတိအကျမသိရသော်လည်း အတိုက်အခံထောက်ခံသူများဖက်မှ တက်ရောက်သူများပြား သည့် ဟောပြောပွဲတွင် စင်ပေါ်သို့ခုံများဖြင့် ပစ်ပေါက် မီးရှို့သည့်ဖြစ်စဉ် ၂-ခု ပေါ်ပေါက်ခဲ့ပြီး အတိုက်အခံ ထောက်ခံသူများအား ခိုက်ရန်ပြုရန်ဦးတည်ခဲ့ကြောင်းနှင့် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ သံသယ ရှိသူ ၂-ဦးကို နောက်ပိုင်းတွင် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ရသည်ဟု စတားသတင်းစာက ရေးသားသည်။

တနင်္ဂနွေနေ့ပြုလုပ်သည့် ဟောပြောပွဲ၌ ဒေါက်တာမဟာသီယာအား အမေးအဖြေပြုလုပ်နေစဉ် လက်ရှိဝန် ကြီးချုပ် နာဂျစ်အား တိုက်ခိုက်ထိုးနှက်သည့်အတွက် ပရိဿတ်အတွင်းမှ ရေသန့်ဗူးခွံများဖြင့် ဟောပြောပွဲစင်မြင့်သို့ ရုတ်တရက် စတင်ပစ်ပေါက်ကြခြင်းဖြစ်ကြောင်းသိရှိရသည်။

Credit : Htay Oung


16 Aug 2017     1,247 Views




RELATED

Most Popular of Special or Others

Most Popular of NEWS