BEC-TERO TV

မြန်မာ့ရုပ်မြင်သံကြား၏ မြန်မာ့ဘောလုံးချစ် ပရိသတ်များသို့ ပန်ကြားချက်

16 Aug 2017     1,462 Views


မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ သြဂုတ်လ (၁၆)ရက်နေ့ ည (၇:၁၅)မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံးပွဲစဉ်အား ထုတ်လွှင့်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမေတ္တာ ရပ်ခံချက်အရ မလေးရှား Sea Game ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် Social Media ပေါ်တွင် Live Streaming ရိုက်ကူးထုတ်လွှင့်မှုအား သဘောတူညီခဲ့ပါသည်။

မြန်မာဘောလုံးချစ်ပရိသတ်များ မျှော်လင့်စောင့်စားနေသည့် မြန်မာ-လာအို အသင်းတို့၏ ဘောလုံးပွဲစဉ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Social Media ပေါ်တွင် Live Straming လွှင့်တင်ထားမှုကို မြန်မာ့ရုပ်မြင်သံကြားမှ ပြန်လည်ဖမ်းယူ၍ သြဂုတ်လ (၁၆)ရက်နေ့ ည (၆:၅၀)နာရီအချိန်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား၊ MRTV Sport Channel ၊ မြန်မာ့အသံ(ရေဒီယို)တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ပါသည်။

ထို့သို့ Social Media ပေါ်မှ ဖမ်းယူပြသရသည့်အတွက် နည်းပညာအခက်အခဲနှင့် စက်မှုပိုင်းဆိုင်ရာ အခက်အခဲများ တွေ့ကြုံနိုင်ပါသဖြင့် ရုပ်သံအရည်အသွေးမကောင်းခြင်း၊ Live ထုတ်လွှင့်မှု ခေတ္တပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ကို မြန်မာ့ရုပ်မြင်သံကြား၏ မြန်မာဘောလုံး ချစ်ပရိသတ်များအနေဖြင့် သည်းခံခွင့်လွှတ်ကြပါရန် အနူးအညွတ် ကြိုတင်မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။

Credit : MRTV


16 Aug 2017     1,462 Views




RELATED

Most Popular of Football

Most Popular of Sport