BEC-TERO TV

ဘ၀လက်တွဲဖော်ကို ပရိတ်သတ်ကို အသိပေးပါ့မယ်ဆိုတဲ့ မေဘရဏီသော်

16 Aug 2017     1,531 Views


Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော် ဟာ လတ်တလော ခန္ဓာကိုယ်ကျန်းမာလှပဖို့ အတွက် ၀ိတ်ချနေတယ်လို့ သိရပါတယ်။ “ ၀ိတ်ကျအောင်လဲ တော်တော်လေးကြိုးစား ခဲ့ရတယ် ။ ၀ိတ်ချနည်းကတော့ ထမင်းတော့ စားတယ် မစားခင်အသီးကို အရင်စားလိုက်တယ် ။ အားကစားကို ၂ နာရီလောက် လုပ်ဖြစ်တယ် ။အစားအသောက် ကိုတော့ ကယ်လိုရီများတာတွေ ရှောင်တယ်” ဆိုပြိး ၀ိတ်ချနည်းကို ပြောပြထားပါတယ် ။

အချစ်ရေးနဲ့ ပတ်သတ်လို့ ပရိတ်သတ်စိတ်ဝင်စားနေကြပေမယ့်  အေးဆေးပါပဲ ။ လက်တွဲဖော်ရှိလာရင် ပရိတ်သတ်ကို အသိပေးသွားမှာပါ ။ မိန်းကလေးတစ်ယောက်အတွက် ကတော့ ကိုယ့်အိပ်မက်ထဲက ချစ်သူဆိုတာာ အမြဲ prefect ဖြစ်တဲ့ သူကိုပဲ လိုချင်တယ် ။ ဒါပေမယ့် တကယ် ကျတော့ ကိုယ့် အတွက်မှန်ကန်တဲ့  သူတစ်ယောက်ကို ရွေးချယ်ဖို့ အဓိက ဖြစ်သွားတယ် ။ ကိုယ့် အပေါ် မိသားစု ကို နားလည်ရမယ် ။ ကိုယ်ရဲ့ လုပ်ငန်း အပေါ်လဲ နားလည်ရမယ် ။ အဲ့ ဒိလိုပဲ ကိုယ်ကလဲ သူ့ အပေါ်နားလည် နိုင်တဲ့ သူဖြစ်မှ ဘ၀ လက်တွဲ ဖော်အဖြစ် အဆင်ပြေမယ်လို့ ထင်တယ် လို့ ပြောသွားခဲ့ ပါတယ် ။

Credit:popular journal 


16 Aug 2017     1,531 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment