BEC-TERO TV

မြောက်ကိုရီးယားတင်သွင်းကုန်တချို့ကို တရုတ်နိုင်ငံပိတ်ဆို့

17 Aug 2017     1,225 Views


ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံခြားဝင်ငွေရတဲ့ပို့ကုန်တွေအပေါ်ပိတ်ဆို့မှုတွေကို အခုလအစောပိုင်းမှာချမှတ်ခဲ့ပါတယ်။အခုတော့ တရုတ်နိုင်ငံကလည်း လုံခြုံရေးကောင်စီရဲ့ပိတ်ဆို့မှုတွေကိုလိုက်နာတဲ့အနေနဲ့ မြောက်ကိုရီးယားကနေ သွင်းကုန်တွေကိုပိတ်တော့မယ်လို့ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်သွင်းနေတဲ့ ကျောက်မီးသွေး၊သံ၊ရိုင်း၊ခဲနဲ့ခဲသတ္တုရိုင်း တွေအပြင် ပင်လယ်ထွက်အစားအစာတွေကို တရုတ်နိုင်ငံတွင်း တင်သွင်းခွင့်ပိတ်ဆို့အရေးယူမှုတွေကို သြဂုတ်လ(၁၅)ရက်နေ့က စတင်တော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း မြောက်ကိုရီးယား နိုင်ငံဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကိုစမ်းသပ်ခဲ့တဲ့အတွက် ကုလသမဂ်္ဂရဲ့တုံ့ပြန်မှုအနေနဲ့ ဆုံးဖြတ်ချက် အမှတ်(၂၃၇၁)ထုတ်ပြန်ပြီး မြောက်ကိုရီးယားအပေါ်ပိတ်ဆို့အရေးယူမှုကို တရုတ်နိုင်ငံ က ပါဝင်လုပ်ဆောင်တဲ့အနေနဲ့လုပ်ဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်။ လက်ရှိ တရုတ်ဆိပ်ကမ်းတွေကိုရောက်ရှိနေတဲ့ပစ်္စည်းတွေကိုတော့ ဈေးကွက်ထဲဖြန့်ချိ ရောင်းချသွားနိုင်ဦးမှာဖြစ်တယ်လို့ တရုတ်နိုင်ငံစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာထုတ်ပြန်ပါတယ်။

ကျောက်မီးသွေး၊သံ၊သံရိုင်း၊ခဲနဲ့ခဲသတ္တုရိုင်းတွေအပြင် ပင်လယ်ထွက် အစားအစာတွေကို စက်တင်ဘာလ(၅)ရက်ကစတင်ပြီး တားမြစ်ထားတဲ့ပစ္စည်းတွေ အနေနဲ့ သတ်မှတ်မှာဖြစ်ပြီး တင်သွင်းတဲ့လုပ်ငန်းစဉ်တွေကို စတင်ဆိုင်းငံ့မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။


17 Aug 2017     1,225 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS