BEC-TERO TV

အမျိုးသမီးကျောင်းသူအဆောင်တွင်း လက်နက်ကိုင်ကာ ခိုးဝင်ခဲ့သူအား ဖမ်းဆီးရမိ

19 Aug 2017     1,256 Views


မိုးညှင်းဒီဂရီကောလိပ် အမျိုးသမီးကျောင်းသူအဆောင်အတွင်းသို့ လက်နက်ကိုင်ဆောင်ကာ ကျူးကျော်ခိုးဝင်ခဲ့သော အမျိုးသားနှစ်ဦးအနက် တစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၈ ရက်​​နေ့ ည ၈ နာရီ ၄၅ မိနစ်​ အချိန်​ခန့်က မိုးညှင်းဒီဂရီ​ကောလိပ်​၏ အတွင်းဆောင်​ ဖြစ်​​သော စံပယ်​ အမျိုးသမီး​ကျောင်းသူအ​ဆောင်​သို့ အဆောင်၏ အ​နောက်​ဖက်​ရှိ ကာရံထားသည့် သံဇကာအား ဖျက်​စီးပြီး အရိုးအသွား ၈ လက်​မ အရွယ်​ရှိ ဓားအားကိုင်​​ဆောင်​ထားသော အမျိုးသားတစ်ဦး ဝင်​​ရောက်​လာစဉ်​ အ​ဆောင်​လုံခြုံ​ရေးဝန်​ထမ်းများမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။


ထိုသူအားစစ်ဆေးရာ "လဆိုင်း" အမည်ရှိသောအပေါင်းပါတစ်ဦးလည်းပါသေးကြောင်း
ဖော်ထုတ်ထွက်ဆိုခဲ့ပါသည်။ ထိုအပေါင်းအပါဖြစ်သော" လဆိုင်း"ကိုမူ ဖမ်းမမိခဲ့ပေ။ အဖွဲ့လိုက် ခိုးသူများဖြစ်နိုင်ပြီး ကျန်ရှိနေသည့် အပေါင်းအပါများကိုမူ ထိမ်ချန်ထားပါသဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ကို အကြောင်းကြားကာ ရဲလက်သို့အပ်နှံခဲ့ကြောင်း သိရှိရသည်။
တားမြစ်ဧရိယာဖြစ်သော ကျောင်းသူဆောင်အတွင်းသို့ခြံစည်းရိုးဖောက်ထွင်းပြီး ဓားနှင့်အတူ ဝင်ရောက်လာခြင်းသည် ကျောင်းသူများ၏ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်ရသော အနေအထားဖြစ်ပါသည်။


ဖမ်းဆီးရမိသူမှာ ထန်းတပင်​ရွာမှ ဦး​ကျော်​လင်း ​ဒေါ်စန္ဒာထွန်း တို့၏သား ရှိုင်းလင်းထွန်း ဆိုသူဖြစ်ပြီး မိုးညှင်းမြို့ မြို့မှရဲစခန်းမှ တရားဥပဒေအတိုင်း ဆက်​လက်​​ဆောင်​ရွက်​လျှက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းရင်းမြစ်−တောက်ထွန်း
 


19 Aug 2017     1,256 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS