BEC-TERO TV

မြန်မာနဲ့ မလေးရှားပွဲစဉ်အတွက် လက်မှတ် ရှစ်ထောင်ကျော် စီစဉ်ထား

21 Aug 2017     1,266 Views


အိမ်ရှင်မလေး ရှားအသင်းနှင့်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်း၏ ဆီးဂိမ်းအုပ်စု နောက်ဆုံးပွဲတွင် မြန်မာအသင်း ပရိသတ်များအတွက် လက်မှတ် ခွဲတမ်း ရှစ်ထောင်ကျော် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ် ၂၁ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် အိမ်ရှင် မလေးရှားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲကို ပရိသတ် ရှစ်သောင်းကျော်ဆံ့ ရှာအလမ် ကွင်း၌ ကျင်းပမည်ဖြစ်သည်။

ပွဲကြိုအစည်းအဝေးမှာ မြန်မာအသင်းအတွက် လက်မှတ် စောင်ရေ ၈,၇၁၄ စောင်ပေးမယ် လို့ ပြောတယ်။ လက်မှတ်ကို အွန် လိုင်းက ကြိုတင်ရောင်းမယ်။ ပွဲ ကစားမယ့်နေ့မှာလည်း ကွင်းအ ပြင်မှာ ရောင်းပေးမယ်လို့ပြော ထားတယ်။ မလေးရှားနဲ့ပွဲက သိပ်အရေးမကြီးတော့တာကြောင့် ပရိသတ်တွေအတွက် အဖွဲ့ချုပ်က လက်မှတ်မစီစဉ်ပေးတော့ဘူး” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

အဖွဲ့ချုပ်အနေဖြင့် မလေး ရှားနှင့် ပွဲအတွက် မြန်မာအသင်း ပရိသတ်များကို လက်မှတ်စီစဉ် ပေးမည်မဟုတ်သော်လည်း မြန်မာအသင်းဂျာစီများ ဖြန့်ဝေရန် စီစဉ်ထားကြောင်း ၎င်းကဆို သည်။

ဆီးဂိမ်းအမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စု (က) တွင် ပါဝင်သည့်မြန်မာယူ-၂၂ အသင်းသည် အုပ် စုသုံးပွဲအပြီး၌ သုံးပွဲစလုံးအနိုင် ရထားကာ ရမှတ်ကိုးမှတ်ဖြင့် လက်ကျန်တစ်ပွဲကျန်ရှိသေး သော်လည်း အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိထားသည်။

အိမ်ရှင်မလေးရှားနှင့် ယှဉ် ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲရ လဒ်က မြန်မာအသင်းအကြိုဗိုလ် လုပွဲ တက်ရောက်ခွင့်လမ်း ကြောင်းကို အဟန့်အတားဖြစ် မည်မဟုတ်ပေ။ သို့သော် မြန်မာ အသင်းအုပ်စု ပထမနေရာသေ ချာစေရေးမလေးရှားနှင့်ပွဲ၌ ရလဒ် ကောင်းရန် လိုအပ်မည်ဖြစ်သည်။

မလေးရှားအသင်းနှင့်ပွဲစဉ် က မြန်မာအသင်းအတွက် အရေး မပါတော့သော်လည်း မြန်မာအ သင်း နည်းပြချုပ်က ပွဲထွက်က စားသမားစာရင်းကို အပြောင်းအ လဲပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားထားသည်။


မြန်မာယူ-၂၂ အသင်းနှင့် မလေးရှားယူ-၂၂ အသင်းတို့ သည် ဆီးဂိမ်းမတိုင်မီ ဇူလိုင်လအတွင်းက ကွာလာလမ်ပူမြို့၌ ခြေ စမ်းပွဲယှဉ်ပြိုင်ခဲ့ရာ မလေးရှား အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိ ထားသည်။

အိမ်ရှင်မလေးရှားအသင်းက အုပ်စုပွဲ နှစ်ပွဲကစားပြီး နှစ်ပွဲ စလုံးအနိုင်ရရှိထားကာ ရမှတ် ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယနေရာ၌ ရပ်တည်နေသည်။ မလေးရှားအသင်းသည် အုပ်စုနောက် ဆုံးပွဲအဖြစ် သြဂုတ် ၂၃ ရက်တွင် လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်းရင်းမြစ်−7 Day Daily
 


21 Aug 2017     1,266 Views




RELATED

Most Popular of Football

Most Popular of NEWS