BEC-TERO TV

ဖူကျင်းကျည်ဆန်ရထား တရုတ်တိုးချဲ့ပြေးဆွဲမည်

22 Aug 2017     1,367 Views


တရုတ်နိုင်ငံအနေနဲ့လက်ရှိပြေးဆွဲနေတဲ့ဖူကျင်းကျည်ဆန်ရထားကို လာမယ့်တနင်္လာနေ့ကစပြီး မြို့ကြီး(၃)မြို့မှာ တိုးချဲ့ပြေးဆွဲသွားမှာဖြစ်ပါတယ်။ဘေကျင်းမြို့ကနေ တီရန်ကျင်းမြို့နဲ့နိုင်ငံမြောက်ပိုင်းက ဟိုင်ဘေးအထိပြေးဆွဲသွားမှာဖြစ်ပြီး ခရီးလမ်းတစ်လျှောက်မှာရှိတဲ့ အဓိကရထားဘူတာ(၁၀)ခုမှာ ခဏရပ်နားသွားမှာဖြစ်ပါတယ်။ရထားတွဲ(၂၂)တွဲနဲ့ပြေးဆွဲသွားဖို့စီစဉ်ထားပြီး လက်ရှိပြေးဆွဲနေတာကတော့ ရထားတွဲ(၄)တွဲနဲ့သာ ဘေကျင်းနဲ့ရှန်ဟိုင်းသွားတဲ့ရထားအမြန်လမ်းမှာပြေးဆွဲနေတာပါ။

ဖူကျင်းကျည်ဆန်ရထားတွေဟာ အမြန်ဆုံးနှုန်းအနေနဲ့ တစ်နာရီကို(၄၀၀)ကီလိုမီတာ နှုန်းအထိအဆင့်မြှင့်ပြီး ပြီးခဲ့တဲ့ ဂျွန်လမှာ စတင်ပြေးဆွဲခဲ့တာပါ။ဘေကျင်းနဲ့ရှန်ဟိုင်းသွားတဲ့ ရထား အမြန်လမ်းဟာ အမြန်ဆုံးတစ်နာရီမှာ(၃၅၀)ကီလိုမီတာနှုန်းနဲ့သွားနိုင်တယ်ဆိုတဲ့ စမ်းသပ်ချက်တစ်ခုကို ပြီးခဲ့တဲ့ဇူလိုင်လမှာ ပြုလုပ်ခဲ့ပါတယ်။ဘေကျင်းနဲ့ရှန်ဟိုင်းသွားတဲ့ရထားအမြန်လမ်းဟာ အမြန်ဆုံး တစ်နာရီကို ကီလိုမီတာ(၃၀၀)သွားနိုင်တယ်လို့ ပြီးခဲ့တဲ့(၂၀၁၁)ခုနှစ်တုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။


22 Aug 2017     1,367 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS