BEC-TERO TV

မြန်မာပရိသတ် အကြိုက်တွေ့ခဲ့တဲ့ Slot Machine LIVE Show ကြီးပြန်လာမည်

22 Aug 2017     1,526 Views


ထိုင်နိုင်ငံရဲ့ အကျော်ကြားဆုံး တေးဂီတအဖွဲ့ “Slot Machine” ဟာ မြန်မာပရိသတ်နဲ့ အထူးမိတ်ဆက်ပေးစရာ မလိုလောက်အောင် ရင်းနှီးပြီးသား ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က နိုင်ငံတစ်ကာအဆိုတော်တွေနဲ့ ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ခမ်းခမ်းနားနားပြုလုပ်ခဲ့တဲ့ MTV EXIT Myanmar မှာ လာရောက်ဖျော်ဖြေခဲ့ပြီး ပရိသတ်အကြိုတ်တွေ့ခဲ့ရတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။


နိုင်ငံတစ်ကာဂီတဖျော်ဖြေပွဲတွေကို UK, USA တို့မှာ လှည့်လည်သီဆိုနေတဲ့ “Slot Machine” ဂီတအဖွဲ့ဟာ လာမယ့်  သြဂုတ်လ (၂၆)ရက်နေ့မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Impact Arena ခန်းမကြီးမှာ “The Mothership Live” ဂီတဖျော်ဖြေပွဲကြီးကို ပြုလုပ်ပါတော့မယ်။


ဂီတသက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ Slot Machine ရဲ့ ဖျော်ဖြေမှုမှာ သီချင်းအသစ်၊ အောင်မြင်ခဲ့တဲ့ သီချင်းဟောင်းလေးများနဲ့အတူ အင်္ဂလိပ်သီချင်းများကိုလည်း သီဆိုဖျော်ဖြေသွားဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

လက်မှတ်များကို ယနေ့မှ စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကတော့ ထိုင်းဘတ် ၉၀၀ ကနေ ၂,၅၀၀ ထိ အမျိုးအစား ၆ မျိုးနဲ့ စိတ်ကြိုက်ဝယ်ယူနိုင်ပါပြီ။


ဒီဖျော်ဖြေပွဲကြီးကို BEC-Tero Entertainment ရဲ့ စီစဉ်မှုနဲ့အတူ Chang Music တို့က ကြီးကျယ်ခမ်းနားမှုတွေနဲ့အတူ ပရိသတ်ရှေ့မှောက် ယူဆောင်လာမှာဖြစ်ပါတယ်။
Slot Machine The Mothership Live” နဲ့ ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါအင်တာနက်လိပ်စာများသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Website: www.bectero.com
Facebook: www.facebook.com/bectero
Twitter: @BEC_Tero_Ent
Instagram: BECTERO_ENTERTAINMENT



လက်မှတ်များ ဝယ်ယူလိုပါက

>> ဤနေရာကိုနှိပ်ပါ <<


 


22 Aug 2017     1,526 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment