BEC-TERO TV

အမတ်လောင်းဖေဖေနဲ့ ပါမောက္ခ မေမေ အတွက် တအားဂုဏ်ယူမိတယ် ဆိုတဲ့ မိုးယံဇွန်

22 Aug 2017     1,233 Views


အရင်က ဆောင်းပါးတွေ အမုန်းခံ ပြသာနာတက်ခံပြီးရေးသားခဲ့ ပေမယ့် နောက်ပိုင်းမှာ ရေးသားခြင်းမရှိတော့တဲ့ မိုးယံဇွန် ဟာ မရေးတော့တာကတော့ ဖေဖေကိုယ်တိုင်က လွှတ်တော်ထဲမှာ တစ်ထောင့်တစ်နေရာက၀င်ပြီး တာဝန်ထမ်းဆောင်နေတဲ့ အတွက်ကျွန်တော်ကို လူတွေအာရုံစိုက်အောင်မလုပ်တော့ဘူးဆိုပြီးမရေးဖြစ်တော့တာပါ ။အခြားအကြောင်းအရာတွေလဲ ရှိပြီး အခွင့်အခါသင့်ရင်တော့ပြန်ရေးဖြစ်ရင်လည်း ရေးဖြစ်မှာပါ ။

စာရေးတဲ့အခါ အချို့လူတွေရဲ့ အားပေးခြင်းတွေ ဝေဖန်ခြင်းတွေ ခံရတယ် ။စိတ်ကူးနဲ့ ထွက်လာတဲ့ result ကကျွန်တော်နဲ့ ကိုက်ညီမှုမရှိဘူးလံထင်မိတယ် ။ အရင်တုန်းကတော့ အဖေ့ အလုပ်တွေကို စိတ်ဝင်စားပါတယ် နောက်ပိုင်းတော့ သိပ်စိတ်မ၀င်စားတော့ဘူး ။ ကျွန်တော့အလုပ်ပဲ ကျွန်တော်လုပ်တယ် ။ဖေဖေလဲ သူ့အလုပ်ပဲ သူလုပ်တယ် သားအဖနှစ်ယောက်အိမ်မှာ ဆုံပြီး တစ်ယောက်နဲ့ တစ်ယောက်သူ့ နယ်ပယ် ကိုယ့်နယ်ပယ်အကြောင်းကို Discuss လုပ်ပြီး share တာနည်းတယ်ပေါ့နော် ။ ဖေဖေနဲ့ ပတ်သတ်ပြီး ကျွန်တော် facebook မှာ လာပြောတဲ့ အပိုင်းလေးတွေရှိတယ် ။ ဒါပေမယ့် ကျွန်တော်ဘာမှ မတုံ့ပြန်လိုက်ဘူး ။ဒီအတိုင်ပဲ မသိချင်ယောင်ဆောင်လိုက်တယ် ။ အေးအေးဆေးဆေးပဲ နေလိုက်တယ် ကျွန်တော့ကြောင့် ဖေဖေကို အာရုံမနောက်စေချင်သလို ဖေဖေ့ အလုပ်ကြောင့်လည်း ကျွန်တော့ အလုပ်ထဲမှာ အာရုံမနောက်ချင်ဘူး သက်သက်စီခွဲထားပါတယ် ။မေမေကလဲ ယဉ်ကျေးမှုတက္ကသိုလ် ပါမောက္ခဆိုတော့ သူ့ အလုပ်ပဲ သူလုပ်တယ် ။

မေမေ့လို တချိန်တုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ ရင်သွေးဖြစ်ရတဲ့ အတွက်ဝမ်းသာတယ် ။ဂုဏ်လဲယူတယ် တချိန်မှာ ဖေဖေ မေမေ ပြန်ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ် ။ မိဘတွေကတော့ ကျွန်တော့ ပညာရေးနဲ့ ပတ်သတ်ပြီး မကျေနပ်ကြသေးဘူး ဒီထက်ပိုကောင်းစေချင်ကြတယ် ။

ဖေဖေ က လွှတ်တော်ထဲမှာ တာဝန်ယူလုပ်ကိုင်နေတာကို ပျော်တယ် ။ ဖေဖေက အရင်တုန်းက တပ်မတော်သားဝန်ထမ်းတစ်ယောက် ။ အခုဆိုရင် နိုင်ငံ့တာဝန်တွေကို လုပ်ဆောင်နေတဲ့ နိုင်ငံရဲ့ အမတ်လောင်းတစ်ယောက် ။ဒီလိုပဲ ကျွန်တော်လဲ ကျွန်တော့် သရုပ်ဆောင်အလုပ်ကို လုပ်တယ် အတိုင်းအတာတခုထိ အောင်မြင်အောင် နေရာတစ်ခုရအောင် ကြိုးစားနေတယ် ။ ကျွန်တော် နိုင်ငံရေးနဲ့ ပတ်သတ်ရင်စိတ်ဝင်စားတာမှန်ပေမယ့် တချို့အရာတွေတော့ အားမထည့်ဘူး ကျွန်တော် အနုပညာနဲ့ နိုင်ငံရေးကိုတစ်ထောင့်တစ်နေရာက အကျိုးပြုမယ့် ဟာမျိုး ပါဝင်ခွင့်ရရင် အမြဲ အဆင်သင့်ပဲ ပေါ့ ။ အဲ့ဒိလိုမျိုး ကျွန်တော် လက်၇ှိ life ကို ပုံစံ ပြောင်း လည်ပတ်နေပါတယ် လို့ပြောထားပါတယ် ။

credit: oasis  


22 Aug 2017     1,233 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment