BEC-TERO TV

မင်္ဂလာဆောင်တော့မယ်ဆိုရင် ဒါတွေပြင်ဆင်ထားဖို့လိုပါမယ်

10 Sep 2017     1,940 Views


မြန်မာရိုးရာပြက္ခဒိန်အရဆိုရင် ယခုစက်တင်ဘာလကုန်လို့ အောက်တိုဘာလဆန်းပြီဆိုတာနဲ့ ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အချိန်ကို ရောက်လာပါပြီ။ ဒီတစ်ခါ သီတင်းကျွတ်ရင်တော့ တို့နှစ်ယောက်မခွဲတော့ဘူးဆိုပြီး မင်္ဂလာဆောင်ကြမယ့် ချစ်သူစုံတွဲတွေအတွက် မင်္ဂလာပွဲကျင်းပတဲ့အခါ မိမိတို့ရဲ့ စိတ်ကူးအိမ်ထဲက မင်္ဂလာပွဲမျိုးလေး အနီးစပ်ဆုံး အဆင်ပြေပြေဖြစ်လာအောင် သေချာပေါက်ကြိုတင်စီစဉ်ထားရမယ့် အချက်လေးတွေကို လက်တို့လိုက်ပါတယ်။

မင်္ဂလာဆောင်ပွဲတစ်ပွဲ အတွက် ချစ်သူနှစ်ဦး အရင်ဦးဆုံး တိုင်တိုင်ပင်ပင်နဲ့ သေချာစီစဉ်သင့်တာကတော့ ကုန်ကျစရိတ်နဲ့ အချိန်ပဲဖြစ်ပါတယ်။
ဒီတော့ အရင်ဆုံးသတ်မှတ်ရမှာက ဘယ်လောက်တော့ ကုန်ကျခံနိုင်တယ်ဆိုတဲ့ ကိန်းဂဏန်းတစ်ခုကို ဦးစွာဆုံးဖြတ်ပါ။ အဲဒီနောက်မှာတော့ မင်္ဂလာဆောင်ကို ဟိုတယ်မှာ၊ ခန်းမမှာ၊ ဘုန်းကြီးကျောင်းမှာ စသည်ဖြင့် နေရာအမျိုးအစား ရွေးချယ်သင့်ပါတယ်။

ငွေကြေးသတ်မှတ်ချက်လည်း ရှိပြီ၊ ဘယ်နေရာမှာ မင်္ဂလာပွဲလုပ်မလဲဆိုတာကို ရွေးချယ်ပြီးပြီဆိုရင်တော့ အသေးစိတ်ကုန်ကျမည့်စာရင်းကို နံပါတ်စဉ်တပ်ပြီး ခေါင်းစဉ်အလိုက် အကြမ်းမျဉ်းခွဲခြားထားသင့်ပါတယ် (ဥပမာ။  ။ အဝတ်အစား၊ မိတ်ကပ် ဆံပင်၊ ဖိတ်စာ၊ ကျွေးမွေးစရိတ်၊ ဓါတ်ပုံ ဗီဒီယို စသည်ဖြင့်) သတ်မှတ်ထားသင့်ပါတယ်။ ဒါမှသာ မလိုအပ်တဲ့နေရာမှာ ငွေပိုသုံးမိတာ၊ တစ်ကယ်လိုအပ်တဲ့နေရာမှာ ငွေအသုံးနည်းသွားတာတို့ကို ကြိုတင်ကာမိစေမှာဖြစ်ပါတယ်။

ဖော်ပြပါအသုံးစရိတ်များက မင်္ဂလာပွဲတစ်ပွဲအတွက် အခြေခံအသုံးစရိတ် ခေါင်းစဉ်အချို့သာဖြစ်ပြီး ကာယကံရှင်တို့ပေါ်မူတည်၍ အခြားကုန်ကျရန်လိုအပ်သော အရာများလည်း ရှိနေနိုင်ပါသေးတယ်။

အချိန်ဆိုတာကတော့ စတင်စီစဉ်တဲ့ အချိန်ကနေ မင်္ဂလာပွဲနေ့ မတိုင်မီစပ်ကြားလေးပါ။ အချိန်အရမ်းယူလွန်းတာလည်း မကောင်းသလို အရမ်းကပ်လွန်းရင်လဲ အစီစဉ်တွေ ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒီတော့ ငွေကြေးတစ်ခုလည်း သတ်မှတ်ပြီးပြီဆိုရင်တော့ ပွဲအကြီးအသေးပေါ်မူတည်ပြီး ၃ လ နဲ့ ၆ လအတွင်း အကောင်ထည်ဖော်နိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။

ဒီဝါကျွတ်မှာ မင်္ဂလာဆောင်မည့် ချစ်သူစုံတွဲများ ကုန်ကိစရိတ်နဲ့ ထိုက်ထိုက်တန်တန် ကျင်းပနိုင်သော မင်္ဂလာပွဲလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။
 


10 Sep 2017     1,940 Views




RELATED

Most Popular of Special or Others

Most Popular of Life Style