BEC-TERO TV

ဝက်ခြံနဲ့ပတ်သတ်ပြီး ခေတ်အဆက်ဆက်လက်ခံလာခဲ့တဲ့ မှားယွင်းတဲ့ယုံတမ်းစကားများ

12 Sep 2017     1,359 Views


ဝက်ခြံပေါက်ပြီဆိုရင် ရုပ်ဆိုးသွားရုံတင်မကဘဲ စိတ်အခြေအနေပါ ပြောင်းလဲသွားပါတယ်။ ဝက်ခြံဆိုတာ မြီးကောင်ပေါက်အရွယ်ရောက်လာတာနဲ့ လူတိုင်းပေါက်တတ်တဲ့ အရာတစ်ခုဖြစ်ပြီး ဝက်ခြံနဲ့ ပတ်သတ်တဲ့ ယုံတမ်းစကားတွေကလည်း တော်တော်များများရှိနေကြပါတယ်။ ဒီလို မှားယွင်းတဲ့ ယုံတမ်းစကားတွေကို ယုံပြီး ဆေးမြီးတိုတွေနဲ့ လျှောက်ကုမယ်ဆိုရင် ဝက်ခြံပိုတောင်ပေါက်လာနိုင်ပါသေးတယ်။ 
 
အခုဒီမှာတော့ ဝက်ခြံပေါက်တတ်ကြသူများအတွက် လူတော်တော်များများလက်ခံထားကြတဲ့ မှားယွင်းတဲ့ ယုံတမ်းစကားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ယုံတမ်းစကားတွေ တွေကိုမယုံဘဲ မှန်မှန်ကန်ကန် ဘယ်လိုကုသရမလဲဆိုတဲ့ နည်းတွေအတိုင်း သင့်ရဲ့အသားအရေကို ဂရုစိုက်လိုက်မယ်ဆိုရင် ခဏခဏစိတ်ရှုပ်နေရတဲ့ ဝက်ခြံပြဿနာတွေက ကင်းဝေးသွားမှာ အမှန်ပါပဲ။

 

၇။ ဝက်ခြံပေါက်တယ် ဆိုတာ အစားအသောက်နဲ့မဆိုင်ဘူး။(မှား)

 

 

အစားအသောက်နဲ့ ဝက်ခြံပေါက်တာ မဆိုင်ဘူးဆိုတာ ရှေးတုန်းက လက်ခံခဲ့ကြတဲ့ အယူအဆတစ်ခုပါ။ ဒါပေမဲ့ ဒီကနေ့ခေတ် ဆေးပညာအရ ဝက်ခြံပေါက်ခြင်းဟာ အစားအသောက်နဲ့ ဆက်စပ်နေတယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။ အချို များများစားမယ်ဆိုရင် အင်ဆူလင်လို့ခေါ်တဲ့  သကြားဓာတ် သွေးထဲဝင်မှုကို ထိန်းပေးသည့်ဒြပ်တစ်မျိုးထွက်ပေါ်လာပါတယ်။ ဒီအင်ဆူလင်ပမာဏက သွေးထဲမှာ ပါဝင်မှုများလာမယ်ဆိုရင် ဝက်ခြံပေါက်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဝက်ခြံတွေပေါက်နေပြီဆိုရင်တော့ သကြားဓာတ်များတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်။
 
၆။ ဆေးလိပ်သောက်ရင် ဝက်ခြံပိုပေါက်တယ်။(မှား)

 

 

လူအများစုက ဆေးလိပ်သောက်ရင် ဝက်ခြံပိုထွက်ကြတယ်လို့ ထင်ကြပါတယ်။ ဆေးလိပ်သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပေမဲ့ ဝက်ခြံပေါက်ဖို့တော့ မလှုံ့ဆော်ပေးပါဘူး။ ဆေးလိပ်သောက်ရင်ဖြစ်တာတစ်ခုက အရေပြားကို အားနည်းစေပြီး ဝက်ခြံပျောက်နှေးစေပါတယ်။ တကယ်လို့ သင်ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်တော့ သင်ရဲ့ အရေပြားဟာ သွေးလှည့်လည်မှုနှုန်း အားကောင်းလာတဲ့အတွက် ပိုပြီး ကြည့်ကောင်းလာမှာဖြစ်ပြီး ဝက်ခြံပျောက်တဲ့ ဖြစ်စဉ်ကိုတော့ ပိုမြန်စေလာမှာပါ။
 
၅။ အလှပြင် ပစ္စည်းတွေကြောင့် ဝက်ခြံပေါက်တယ်။(မှား)

 

 

အလှပြင်ပစ္စည်းတိုင်း အသားအရေကို ဆိုးကျိုးပေးတာ မဟုတ်ပါဘူး။ တကယ်လို့ သင်က ဝက်ခြံပေါက်တတ်တဲ့သူဆိုရင်လည်း ချွေးပေါက်တွေကို မပိတ်ဆို့စေတဲ့ အလှပြင်ပစ္စည်းတွေကို သုံးပါ။ ဒါပေမဲ့ အရက်ပျံနဲ့ ဆီတွေကတော့ ဝက်ခြံပိုထွက်နိုင်စေလို့ ဆီနဲ့ အရက်ပျံတွေပါဝင်တဲ့ အလှပြင်ပစ္စည်းတွေတော့ ရှောင်ဖို့လိုပါတယ်။
 
၄။ နေပူဆာလှုံတာက ဝက်ခြံပျောက်စေတယ်။(မှား)

 

 

ခရမ်းလွန်ရောင်ခြည်တွေဟာ အဆီထွက်ဖို့လှုံဆော်တဲ့အတွက် နေပူထဲ များများထွက်မယ်ဆိုရင် ဝက်ခြံပိုထွက်လာမှာ အမှန်ပါပဲ။ ဒါကြောင့် ဝက်ခြံပေါက်နေတယ်ဆိုရင်တော့ နေပူထဲသိပ်မသွားဖို့လိုပါတယ်။
 
၃။ စိတ်ဖိစီးမှုကြောင့် ဝက်ခြံပိုပေါက်စေနိုင်တယ်။(မှား)

 

 

စိတ်ဖိစီးလို့ ဝက်ခြံပေါက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်မှာ ဝက်ခြံပေါက်နေပြီး စိတ်ဖိစီးမှုပါ ခံစားနေရတယ်ဆိုရင်တော့ ဝက်ခြံပျောက်တာ နှေးသွားပါလိမ့်မယ်။
 
၂။ မျက်နှာခဏခဏ သစ်ပေးမယ်ဆိုရင် ဝက်ခြံပျောက်သွားလိမ့်မယ်။(မှား)

 

ဝက်ခြံနဲ့ ဆားဝက်ခြံတွေက အသားအရေမှာ အဆီတွေများလာပြီး ချွေးပေါက်တွေ ပိတ်ဆို့သွားလို့ ဖြစ်ရတာပါ။ အတွင်းကဆီတွေကြောင့် ချွေးပေါက်တွေ ပိတ်ဆို့သွားတာဖြစ်တဲ့အတွက် မျက်နှာကြိုက်သလောက်သစ်သစ် ဝက်ခြံပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အသားအရေကို အားဖြည့်ပေးတဲ့ ဆပ်ပြာမဟုတ်ဘဲ မသန့်ရှင်းတဲ့ သဘတ်တွေနဲ့မျက်နှာသုတ်မိမယ်ဆိုရင် ဝက်ခြံပိုပွားလာမှာပါ။
 
၁။ သွားတိုက်ဆေးလိမ်းပေးရင် ဝက်ခြံပျောက်တယ်။(မှား)

 

 

သွားတိုက်ဆေးမှာ ဗိုင်ကာဗွန်နိတ်၊ အဆီများ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ ပရုတ်အေးတို့ပါဝင်တဲ့ အတွက် ဝက်ခြံကို ခြောက်သွေ့စေနိုင်ပေမဲ့ ဝက်ခြံကို ပိုရောင်းရမ်းလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံပေါက်ပြီဆိုရင် သွားတိုက်ဆေးတွေလိမ်းမဲ့အစား benzoyl peroxide လို့ခေါ်တဲ့ ဘတ်တီးရီးယားများကို သတ်ပေးနိုင်တဲ့ ဓာတ်ပါဝင်တဲ့ ဝက်ခြံပျောက်ဆေးတွေပဲ သုံးသင့်ပါတယ်။ ဒါ့အပြင်နောက်ဆုံးအနေနဲ့ ဝက်ခြံတွေကို မညှစ်သင့်မှန်း လူတိုင်းလိုလိုသိကြမှာပါ။ ဝက်ခြံညစ်ခြင်းဟာ မွေးညှင်းပေါက်လေးတွေကို ပျက်ဆီးစေနိုင်ပြီးပိုပြီး ရောင်ရမ်းလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံပေါက်ပြီဆိုရင် မညှစ်သင့်ပဲနဲ့ ဝက်ခြံပျောက်ဆေးများနဲ့သာ ကုသသင့်ပါတယ်။


12 Sep 2017     1,359 Views




RELATED

Most Popular of Health Fix

Most Popular of Life Style