BEC-TERO TV

ကားကျော်တက်ရန် လက်ယာဘက်အချက်ပြမီးစနစ်ကျင့်သုံးမှု (၇၅)ရာခိုင်နှုန်း လိုက်နာကျင့်သုံးနေ

12 Sep 2017     1,269 Views


နောက်ကားကျော်တက်ရန် လက်ယာဘက်အချက်ပြမီးစနစ်ကို စက်တင်ဘာလ(၁)ရက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စတင်ကျင့်သုံးခဲ့ပြီး အခုဆိုရင်ယာဉ်မောင်းသူတွေအနေနဲ့ စနစ်တကျ လိုက်နာကျင့်သုံးမှုဟာ(၇၅)ရာခိုင်နှုန်း အောင်မြင်မှုရရှိနေပြီလို့ သိရပါတယ်။နောက်ကားကျော်တက်ရန်အချက်ပြမီးစနစ်ကို လိုက်နာကျင့်သုံးမှုမရှိတဲ့ ယာဉ်မောင်းတွေကို(၂၀၁၅)မော်တော်ယာဉ်ဥပဒေပုဒ်မ(၆၅)အရ အရေးယူဆောင်ရွက်မှုတွေပြုလုပ် နေတာကြောင့် ယာဉ်မောင်းသူအများစုဟာ ဒီစနစ်ကို(၇၅)ရာခိုင်နှုန်းလောက် လိုက်နာကျင့်သုံးတာ တွေ့ရတယ်လို့သိရပါတယ်။ စစ်ဆေးအရေးယူဆောင်ရွက်တဲ့နေရာမှာ အဓိကအနေနဲ့ ယာဉ်အန္တရာယ် မဖြစ်ပွားစေဖို့အတွက် မြို့ပြင်လမ်းတွေ၊ယာဉ်ကြောရှုပ်ထွေးမှုနည်းပြီး လူသွားလူလာနည်းတဲ့ မြို့ပြင်လမ်းတွေမှာ စစ်ဆေးဆောင်ရွက်တာ ဖြစ်တယ်လို့

အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးကျော်မျိုးမြင့်ထံမှ သိရပါတယ်။စည်းကမ်းမလိုက်နာတဲ့ယာဉ်မောင်းတွေကိုဖမ်းဆီးရာမှာ အငြင်းပွားမှုတွေ မဖြစ်ပွားစေဖို့အတွက် ဗီဒီယိုကင်မရာနဲ့မှတ်တမ်းတင်ခြင်း၊အရပ်သားသက်သေတွေရှေ့မှာ စစ်ဆေး အရေးယူခြင်းစတဲ့စနစ်တွေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့သိရပါတယ်။ အခုလို စစ်ဆေးဆောင်ရွက်မှုတွေကို စက်တင်ဘာလ(၁)ရက်နေ့မှစတင် စစ်ဆေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ(၇)ရက်နေ့အထိ အချက်ပြမီးမှားယွင်းတဲ့မော်တော်ယာဉ် (၈)စီးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ယာဘက်အချက်ပြမီးစနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့အောင်မြင်ဖို့အတွက်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေအနေနဲ့ နည်းစနစ်တကျ ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။


12 Sep 2017     1,269 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS