BEC-TERO TV

ကြက်သွန်ဖြူ ပျားရည်ကို ဝယ်ယူစားသုံးကြည့်ပါ

14 Sep 2017     2,337 Views


ကျွန်တော် လွန်ခဲ့တဲ့ (၁၂)နှစ်ခန့်က နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ဖူးပါတယ်။ အဲအချိန်တုန်းက ကျွန်တော် ဆရာဝန်နဲ့လည်းပြသ သလို... ဆရာဝန် ညွှန်ပြတဲ့ ဆေးကိုလည်း စားပါတယ်။ ဆရာဝန်က ကျွန်တော်ကိုပြောတယ် ကြက်သွန်ဖြူ ပျားရည်ကို ဝယ်ယူစားသုံးကြည့်ပါတဲ့.. ကြက်သွန်ဖြူပျားရည်ဆိုတာ ကြက်သွန်ဖြူဥကို ပျားရည်စစ်စစ်နဲ့စိမ်ထားတာကို ပြောတာပါ။ ဆရာဝန်ပြောသလို ကျွန်တော် ရန်ကုန် ကန်တော်ကြီးပန်းခြံအတွင်းက ပျိုးပင်အရောင်းဆိုင်တန်းမှာ ရှာဝယ်ကြည့်တော့ ရလာပါတယ်။

ဒါနဲ့ ကျွန်တော် ကြက်သွန်ဖြူပျားရည်ကို တစ်နေ့(၃)ကြိမ်လောက် ၅ရက်ခန့်မျှ စားသုံးလိုက်တာ နှလုံးသွေးကြောကျဉ်းရောဂါ ပျောက်ကင်းသွားပါတယ်။ ကြက်သွန်ဖြူပျားရည်ဟာ နှလုံးသွေးကြောကျဉ်းရောဂါသာမက အဆီပိုများ လျော့ချပေးသည့်အပြင် ပန်းသေ၊ပန်းညိုးရောဂါကိုလည်း ပျောက်ကင်းသက်သာစေပါသည်။ ကြက်သွန်ဖြူပျားရည်ဟာ မိမိကိုယ်တိုင် ပြုလုပ်လို့ရပါတယ်။ ဖန်ပုလင်း သန့်သန့်ထဲကို အခွံခွာထားသော ကြက်သွန်ဖြူများထည့်၍ ပျားရည်စစ်စစ်ဖြင့်ရောစပ်ပြီး နေပူပူ၍ (၅)ရက်လောက် အဖုံးဖွင့်ပြီး နေပြပေးထားပါ။

(၅)ရက်ခန့်ကြာသော်....နှလုံးသွေးကြောကျဉ်းဝေဒနာရှင်များဟာ တစ်နေ့ သုံးကြိမ်စားသုံးပါ။ အဆီကျလိုသူများဟာ နံနက်စောစော ဘာအစားအစာမှမစားသုံးမှီ မနက်တိုင်းစားသုံးပါ။ ပန်းသေ၊ပန်းညိုးနေသူများကတော့ နေ့စဉ် ၂ကြိမ်ခန့်စားသုံးနိုင်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 


14 Sep 2017     2,337 Views




RELATED

Most Popular of Health Fix

Most Popular of Life Style