BEC-TERO TV

U-18 အသင်းနည်းပြ ဘန်လာဘီ စာချုပ်သက်တမ်း ကျန်ရှိနေသည့်အတွက် ကျန်ရှိသည့် လစာ ၂ လစာပေးလျော်ကာ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ခြင်း

18 Sep 2017     1,287 Views


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့ နံနက်ပိုင်းက မြန်မာယူ၁၈ လက်ရွေးစင်အသင်းသားများအား တွေ့ဆုံကာ ရှုံးနိမ့်မှုမှ သင်ခန်းစာယူပြီး အနာဂတ်တွင် ယခုထက်ပို၍ အဆပေါင်းများစွာ ကြိုးစားပေးဆပ်ကြရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲတွင် နည်းဗျူဟာ ပိုင်နိုင်ကျွမ်းကျင်စွာဖြင့် အသင်းအား ဦးဆောင်နိုင်မှု မရှိသည့်အတွက် MFF နည်းစနစ်အဖွဲ့နှင့် စည်းဝေးဆုံးဖြတ်ပြီး ပြင်သစ်နည်းပြ ဘန်လာဘီနှင့်စက်တင်ဘာ၁၈မှ စတင်ကာ လမ်းခွဲလိုက်ပြီဖြစ်သည်။

MFF နှင့် ဘန်လာဘီ သည် ယခုနှစ် ဒီဇင်ဘာအထိ စာချုပ်သက်တမ်း ကျန်ရှိနေသည့်အတွက် ကျန်ရှိသည့် လစာ ၂ လစာပေးလျော်ကာ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ၁၈ အသင်းအနေဖြင့် အာရှ ယူ၁၉ ခြေစစ်ပွဲကိုလည်း လာမည့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲဝင် မြန်မာယူ၁၈ အသင်းအတွက် ပြည်တွင်းနည်းပြအဖွဲ့ကို ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး မကြာမီ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

Credit : News Watch 

Photo-MFF


18 Sep 2017     1,287 Views




RELATED

Most Popular of Football

Most Popular of Sport