BEC-TERO TV

ယူ ၁၈ ၏ရလာဒ် ဆိုရွားမှုကြောင့် အဖွဲ့ချုပ်က ပြင်သစ်နည်းပြ ဘန်လာဘီ လမ်းခွဲကာ ပြည့်တွင်းနည်းပြများဖြင့် အစားထိုး

19 Sep 2017     1,292 Views


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ ၁၈ ဘောလုံးအသင်း၏ ဆိုရွားသောရလာဒ်ကြောင့် အဆိုပါအသင်းကို နည်းပြအဖြစ် တာဝန်ယူထားသော ပြင်သစ်နည်းပြ ဘန်ဘာလီနှင့် မြန်မာဘောလုံးအဖွဲ့ချုပ်တို့ စက်တင်ဘာ ၁၈ ရက်နေ့က စာချုပ်ဖျက်သိမ်းခဲ့ပြီး ပြည်တွင်းနည်းပြများဖြင့် အစားထိုးခဲ့ကြောင်း သတင်းရရှိသည်။


စာချုပ်သက်တမ်းအရ ဒီဇင်ဘာလအထိ ချုပ်ဆိုထားသော်လည်း ကျန်ရှိနေသော ၂ လခစာကို အဖွဲ့ချုပ်မှ ပေးလျော်ကာ နှစ်ဖက်သဘောတူညီချက်ဖြင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ၁၈ နှစ်အရွယ် ဘောလုံးအားကစားသမားများအနေနဲ့ အနာဂတ်များစွာရှိသေးသည့်အတွက် ယခုအရှုံးကို စိတ်မပျက်ပဲ ပရော်ဖက်ရှင်နယ်ကစားသမားများကဲ့သို့ ကျင့်ကြံတွေးခေါ်နေထိုင်ပြီး လေ့ကျင့်မည်ဆိုပါက အောင်မြင်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


မြန်မာ ယူ ၁၈ အသင်းအနေဖြင့် အာရှ ယူ ၁၉ ခြေစစ်ပွဲကိုလည်း လာမည့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါအသင်းအတွက် နည်းပြနေရာကို ပြည်တွင်းနည်းပြများဖြင့် အစားထိုးရန် စက်တင်ဘာလ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ပြီးနောက် အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်၊ ယာယီနည်းပြချုပ်အဖြစ် ဦးချစ်နိုင်(City Yangon FC)၊ လက်ထောက်နည်းပြ ဦးမင်းသူ(MFF)၊ ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦး၊ အသင်းအတွင်းရေးမှူး ဦးမိုးဝေအောင်တို့ တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - MFF


 


19 Sep 2017     1,292 Views




RELATED

Most Popular of Football

Most Popular of NEWS