BEC-TERO TV

၁၄ နှစ်ကြာအငြင်းပွားခဲ့ပြီးမှ လမ်းမကြီးပေါ်က အိမ်ဖယ်ရှားပေးခဲ့

20 Sep 2017     1,274 Views


တရုပ်နိုင်ငံ ရှန်ဟိုင်းရှိ ဆောင်ဂျင်းဒေသက ကားအသွားအလာ အလွန်များပြားတဲ့ လမ်းမကြီးပေါ်မှာ ကန့်လန့်ခံနေတဲ့ သုံထပ်တိုက်ကြီးတစ်လုံး ဖယ်ရှားပေးဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့ပြီးနောက် ၁၄ နှစ်အကြာ၊ ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ပိုင်းက လမ်းမကြီးပေါ်မှ ဖယ်ရှားနိုင်ခဲ့ပါတယ်။


North Huting Road လမ်းမကြီးကို လေးလမ်းသွားအဖြစ်ချဲ့ထွင်ရန် လမ်းနဲ့ မလွတ်သော အိမ်များကို လျော်ကြေးပေး၊ နေရာသစ်အစားထိုးပေး၍ ဖယ်ရှားခိုင်းခဲ့ရာမှာ အခြားအိမ်များမှ ဖယ်ရှားသွားခဲ့ပြီး အဆိုပါ သုံထပ်တိုက်ပိုင်ရှင် ကခေါင်းမာမာနှင့် ငြင်းဆန်ခဲ့သဖြင့် လမ်းတည်ဆောက်သူများ အခက်တွေ့ခဲ့ရသည်။

နောက်ဆုံးတွင် လေးလမ်းသွားကြီး တည်ဆောက်ပြီးစီးခဲ့ပြီးနောက် အဆိုပါ သုံးထပ်တိုက်အိမ်အရောက်တွင် အိမ်ကြီးကို ရှောင်ကွင်းဖောက်လုပ်ခဲ့ရသဖြင့် နှစ်လမ်းသွား ပြန်ဖြစ်ကာ အိမ်ကြီးကို ကျော်လွန်မှ လေးလမ်းသွားပြန်ဖြစ်ခဲ့သည်။


အသက် ၈၉ နှစ်အရွယ် အိမ်ပိုင်ရှင် Xu Ju ၏ သားမက်ဖြစ်သူ Zhang Xinguo က ယခုလို ခေါင်းမာမာဖြင့် ငြင်းဆန်ခဲ့သည့်အတွက် မိသားစုဝင်တွေ နေ့စဉ်ခံစားခဲ့ကြရသည့် ဒုက္ခက မသေးကြောင်း ပြောဆိုခဲ့သည်။

မော်တော်ကားသံများ၊ အထူးသဖြင့် ညဖက်တွင် ကုန်တင်ကား ဖြတ်သန်းသွားသည့်အသံများက ဆူညံလွန်းသည့်အတွက် လွန်ခဲ့တဲ့ သုံးနှစ်က သူ၏ယောက္ခမဖြစ်သူ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဆူညံသံများ၊ ဖုန်မှုန့်များနဲ့ ဘယ်တော့များ အိမ်ကို ကားတွေဝင်တိုက်မလဲဆိုတဲ့ စိုးရိမ်သောကတွေက မိသားစုဝင်တွေကို စိတ်သောက ဖိစိမှုများ ရစေတယ်လို့ပြောပါတယ်။


လမ်းမအလယ်ကောင်မှာ အိမ်ကြီးကန့်လန့်ခံထားပြီးနေရလို့ သူအတွက် ဘာမှဂုဏ်ယူစရာမရှိပါဘူးလို့ဆိုပါတယ်။ လမ်းအထာမသိတဲ့ ကားမောင်းသမားတွေက ရုတ်တရက်အိမ်ကြီးကို တွေ့လိုက်ရလို့ အရှိန်မထိမ်းနိုင်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှု သုံးခုရှိခဲ့တယ်လို့ဆိုပါတယ်။


သက်ဆိုင်ရာတွေရဲ့ လျော်ကြေးပေးဖယ်ရှားမှုကို သဘောမတူတဲ့အတွက် အဆိုပါအိမ်ကြီးမှာ ၂၀၀၃ ခုနှစ်ထဲက ထီးထီးကြီး လမ်းမပေါ်မှာ ကျန်နေခဲ့ခြင်းဖြစ်ပါတယ်။ အခုနောက်ဆုံး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဖယ်ရှားပေးမည်ဟု သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
 


20 Sep 2017     1,274 Views




RELATED

Most Popular of International News

Most Popular of NEWS