BEC-TERO TV

ဖိအားတွေနဲ့ရင်ဆိုင်နေရသည့် အဲဗာတန်နည်းပြရော်နယ်ကိုးမန်း

21 Sep 2017     1,270 Views


အဲဗာတန်အသင်းနည်းပြ ရော်နယ်ကိုးမန်းဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ငွေကြေး အမြောက်အများအသုံးပြုပြီး၊ကစားသမားသစ်များစွာခေါ်ယူခဲ့ပေမယ့် ရလဒ်တွေဆက်တိုက်ဆိုးရွားနေတာ ကြောင့်ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ အဲဗာတန်အသင်းဟာ ယခုနှစ်နွေရာသီဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် သန်း (၁၄၀) ကျော်အသုံးပြုထားခဲ့ပြီး၊ကစားသမားသစ် (၉) ဦးအထိခေါ်ယူထားခဲ့ပါတယ်။အဲဗာတန်အသင်းရဲ့ယခုနှစ်ရာသီ အသုံးစရိတ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊မန်ယူနဲ့ချယ်ဆီးအသင်းတို့ရဲ့ နောက်မှာ ပရီးမီးယားလိဂ်ရဲ့စတုတ္ထမြောက်အသုံးစရိတ်အများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

ကစားသမားသစ် များစွာခေါ်ယူထားခဲ့ပေမဲ့ အဲဗာတန်အသင်းဟာ ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြရော်နယ်ကိုးမန်း အနေနဲ့ ဖိအားများစွာရှိနေပြီး၊အသင်းမှထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့သလို၊ယူရိုပါ လိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာလည်း စီးရီးအေကလပ်အတ္တလန္တာအသင်းကို အဝေးကွင်းမှာ (၃) ဂိုးပြတ်အရေးနိမ့်ခဲ့ပါ တယ်။ ဒါ့အပြင်နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ သွင်းဂိုးလုံးဝရရှိခဲ့ခြင်းမရှိပဲ အဲဗာတန်အသင်း ရဲ့တိုက်စစ်ဟာလည်း ပုံစံကောင်းတွေပျောက်ဆုံးနေတာဖြစ်ပါတယ်။

အသင်းရဲ့တိုက်စစ်မှာဝါရင့်တိုက်စစ်မှုး ရွန်းနီအပြင်၊ ဆန်ဒရိုရာမီရက်ဇ်၊ မီရာလက်စ်အစရှိတဲ့ကစားသမားတွေကလည်းကောင်းမွန်တဲ့ စွမ်းဆောင်ရည် တွေပြသနိုင်ခြင်းမရှိဘဲ ဆွမ်ဆီးအသင်းမှခေါ်ယူထားတဲ့ကွင်းလယ်ကစားသမား ဆီဂတ်ဆန်၊ အေဂျက်အသင်းမှ ခေါ်ယူထားတဲ့ ကလာဆန်အစရှိတဲ့ကွင်းလယ်ကစားသမားတွေအနေနဲ့လည်း အသင်းနဲ့အံ ၀င်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင်နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ (၁၂) ဂိုးအထိခွင့်ပြုခဲ့ရတဲ့အဲဗာတန်အ သင်းရဲ့နောက်တန်းပြဿနာကလည်း အတော်လေးဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

လက်ရှိအဆင့်ရပ်တည်မှုမှာ ရမှတ် (၄) မှတ်နဲ့အဆင့် (၁၈) နေရာမှာရပ်တည်နေတဲ့အတွက် ရော်နယ်ကိုးမန်းဟာလည်း ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်တဲ့နည်းပြစာရင်းမှာဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ဗြိတိန်လောင်းကစားဒိုင်တွေ ရဲ့အလေးပေးသတ်မှတ်မှုအရ အဲဗာတန်နည်းပြရော်နယ်ကိုးမန်းဟာ ၀က်စ်ဟမ်းနည်းပြဘီလစ်ရဲ့နောက်မှာ ပရီးမီးယားလိဂ်မှထုတ်ပယ်ခံရနိုင်တဲ့ နည်းပြအဖြစ်အလေးပေးသတ်မှတ်ခံထားရပါတယ်။


21 Sep 2017     1,270 Views




RELATED

Most Popular of Football

Most Popular of NEWS