BEC-TERO TV

ယခုနှစ်ရာသီမှာစွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်နေသည့် မန်ချက်စတာမြို့ခံ (၂) သင်း

21 Sep 2017     1,273 Views


မန်ချက်စတာမြို့ခံ (၂) သင်းဖြစ်တဲ့ မန်ယူအသင်းနဲ့မန်စီးတီးအသင်းတို့ဟာ ယခုနှစ်ဘောလုံးရာသီမှာ မြင့်မား တဲ့စွမ်းဆောင်ရည်တွေကိုပြသနေပြီး၊ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးဖြစ်နေပါတယ်။မန်ယူအသင်းနဲ့မန်စီးတီး အသင်းတို့ဟာပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်တူ၊ ရဂိုးတူ၊ ပေးဂိုးတူ၊ ဂိုးကွားခြားချက်တူညီနေပြီး၊ အမှတ်ပေးဇယားအဆင့် (၁) နဲ့ အဆင့် (၂) မှာအ သီးသီးရပ်တည်နေပါတယ်။

ယခင်နှစ်ဘောလုံးရာသီကရလဒ်ပိုင်းတွေဆိုးရွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ဟာ ယခုနှစ်ဘောလုံးရာသီမှာ နွေရာသီဈေးကွက်ကာလအတွင်းက အင်အား ဖြည့်တင်းမှုတွေကိုယ်စီပြုလုပ်ခဲ့ကြပါတယ်။ အင်အားဖြည့်တင်းမှုတွေများ စွာပြုလုပ်ထားတဲ့ မန်ချက်စတာမြို့ခံ (၂) သင်းဟာ ယခုနှစ်ရာသီပရီးမီးယားလိဂ်ပွဲစဉ် (၁) အစထဲက မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပြီး၊ ပွဲစဉ် (၁) မှာ မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ (၂) ဂိုးပြတ်အနိုင်ရရှိခဲ့သလို၊ မန်ယူအသင်းကလည်း အိမ်ကွင်းမှာ ၀က်စ်ဟမ်းအသင်းကို (၄) ဂိုးပြတ်အနိုင်ရရှိ အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်ပရီးမီးယားလိဂ် (၅) ပွဲအထိယှဉ်ပြိုင်ကစားပြီးချိန်မှာ ရှုံးပွဲကြုံ တွေ့ထားခြင်းမရှိဘဲ (၄) ပွဲနိုင် (၁) ပွဲသရေ၊ ရမှတ် (၁၃) မှတ်စီနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၁) နဲ့ အဆင့် (၂) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဒါ့အပြင်ပရီးမီးယားလိဂ် (၅)ပွဲမှာ အဆိုပါ (၂) သင်းလုံးဟာ သွင်းဂိုး (၁၆) ဂိုးအထိသွင်းယူထားပြီး၊ ပေးဂိုး (၂) ဂိုးသာရှိထားခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့တိုက်စစ်မှုးလူကာကူ ဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲကစားပြီးချိန်မှာ၊ သွင်းဂိုး (၅) ဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ မန်စီးတီးအသင်းရဲ့တိုက် စစ်မှုးအဂူရိုကလည်း သွင်းဂိုး (၅) ဂိုးသွင်းယူထားပါတယ်။


21 Sep 2017     1,273 Views




RELATED

Most Popular of Football

Most Popular of Sport