BEC-TERO TV

ဒေါ်လာ ၃၂၀ ကျော်ရှိတဲ့ ခေါက်ဆွဲဆိုင်ကို စာသုံးတဲ့ သူတွေတန်းစီနေရ

21 Sep 2017     1,317 Views


ကမ္ဘာဈေးအကြီးဆုံးဖြစ်တဲ့ ခေါက်ဆွဲကို ထိုင်ဝမ်နိုင်ငံမှာ တစ်ပွဲကို ၃၂၀ ဒေါ်လာအထိရောင်းချနေသော်လည်း လာရောက်ပြီးစားသုံးတဲ့သူများက တန်းစီနေရပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ ခေါက်ဆွဲ တစ်ပွဲကိုရောင်းချတဲ့ ဈေးနှုန်းကတော့ ပျှမ်းမျှ တစ်ပွဲကို ၆ ဒေါ်လာဝန်ကျင်ထိသာရှိခဲ့  ပြီး ဒီဆိုင်မှာဆိုရင်အမဲသားခေါက်ဆွဲ တစ်ပွဲကို ၃၂၅ ဒေါ်လာနဲ့ ရောင်းချနေတယ်လိုသိရပါတယ်။

ဒီဆိုင်ကို ၁၉၉၀ ခုနှစ်လောက်တကည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီဆိုင်မှာဆိုရင်တော့ ၁၆ ဒေါ်လာကနေ့ ၃၂၅ ဒေါ်လာတန်တဲ့ ခေါက်ဆွဲ ကိုရောင်းချနေတာဖြစ်ပါတယ်။ အမဲသားခေါက်ဆွဲ နဲ့ပတ်သက်ပြီး ဆိုင်တာဝန်ခံက ( ကျွန်တော်တို့ ဆိုင်မှာ အမဲသားခေါက်ဆွဲကို တစ်ပွဲကို ဒေါ်လာ ၃၂၀ ကျော်လောက်ရှိတယ်၊ ဒီကခေါက်ဆွဲ တွေ က ကျန်တဲ့ ဆိုင်တွေ နဲ့ ယှဉ်ပြီးတော့ စားကြည့်လိုရပါတယ်၊ ဒီဆိုင်မှာ သုံးတဲ့ အမဲ သားတွေက အမေရိကန် နိုင်ငံ နဲ့ သြစတေလျား ကနေ မှာယူထားတာဖြစ်ပါတယ်။  ခေါက်ဆွဲ တစ်ပွဲမှာ အမဲသားအစိတ်အပိုင်း ၄ မျိုး ပါဝင်မှာဖြစ်ပါတယ်) လိုဆိုင်တာဝန်ခံကပြောပါတယ်။

အသုံးပြုသော အမဲသားများကိုလိုချင်တဲ့ အရသာရှိရန် ၃ ရက်ကြာအခြောက်ခံထားရပြီး သတ်မှတ်ထားတဲ့ အရည်အသွေးရမှ ချက်ပြုတ်တယ်လိုလဲသိရပါတယ်။


21 Sep 2017     1,317 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style