BEC-TERO TV

မြောက်ကိုရီးယားသံအမတ်ကြီးက အမေရိကန်သမ္မတရဲ့မိန့်ခွန်းကို ခွေးဟောင်သံနဲ့ခိုင်းနှိုင်း

21 Sep 2017     1,251 Views


အမေရိကန် သမ္မတ ထရမ့်သည် ၎င်း၏ ပထမဆုံး ကုလသမဂ္ဂ မိန့်ခွန်းတွင် ပြင်းထန်သော ဝေါဟာရများ အသုံးပြုခဲ့သဖြင့် နိုင်ငံတကာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထရမ့်သည် မိန့်ခွန်းအတွင်းတွင် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ရန်လို ကြမ်းတမ်းသော သဘောထားများ ထည့်သွင်း ပြောဆိုသွားရာ ယခုအခါ မြောက်ကိုရီးယားက ထရမ့်၏ မိန့်ခွန်းအပေါ် တန်ပြန် ရှုတ်ချလိုက်ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက

“ဆိုရိုးတစ်ခုလည်း ရှိပါတယ်။ ခွေးဟောင်ရုံနဲ့ ပွဲမပျက်ဘူး ဆိုတာလေ။ တကယ်လို့ ထရမ့်ဟာ ခွေးဟောင်သလို အသံမျိုးနဲ့ ကျွန်တော်တို့ကို ခြောက်လှန့်နိုင်မယ် ထင်နေရင်တော့ သူ အိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်”ဟု

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ် အနီးတွင် သတင်းထောက်များနှင့် တွေ့ဆုံချိန်၌ ပြောကြားသွားသည်။ ရီ၏ တုံ့ပြန်မှုသည် ထရမ့်၏ မိန့်ခွန်းအပေါ် မြောက်ကိုရီးယား အစိုးရ ထိပ်တန်း အရာရှိ တစ်ဦး၏ ပထမဆုံးသော တရားဝင် မှတ်ချက်လည်း ဖြစ်သည်။ ထရမ့်သည် ၎င်း၏ မိန့်ခွန်းအတွင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ကိုယ့်ကိုယ်ကိုယ်ရော၊ ၎င်း၏ အစိုးရ အဖွဲ့ကိုပါ သေကြောင်းကြံရန် ကြိုးစားနေသည့် ဒုံးကျည်သမားဟု လှောင်ပြောင်ခဲ့သည်။ ရီကမူ ထရမ့်ကို ဝိုင်းဝန်းထောက်ပံ့ ကူညီနေသူများအတွက် တွေးတောပြီး စိတ်မကောင်း ဖြစ်မိကြောင်း တုံ့ပြန်သွားခဲ့သည်။ ရီသည် စက်တင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂ၌ မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Credit : 7daydaily


21 Sep 2017     1,251 Views




RELATED

Most Popular of International News

Most Popular of NEWS