BEC-TERO TV

ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းမှာ သွင်းဂိုး (၃၀၀) အထိသွင်းယူနိုင်ခဲ့တဲ့ မက်ဆီ

22 Sep 2017     1,325 Views


ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှုး မက်ဆီဟာ စပိန်လာလီဂါပွဲစဉ် (၅) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အီဘာအသင်း နဲ့ အိမ်ကွင်းပွဲစဉ်မှာ သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပြီး၊ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်းမှာ ပြိုင်ပွဲစုံသွင်းဂိုးအရေအ တွက် (၃၀၀) ပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ် (၅) အဖြစ် အီဘာအသင်းကို အိမ်ကွင်းနူးကမ့်မှာ လက်ခံကစားခဲ့ ပြီး၊ (၆) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲစဉ်မှာဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုးအပါအ၀င်သွင်းဂိုး (၄) ဂိုးအထိသွင်းယူပေးခဲ့တဲ့တိုက်စစ်မှုးမက်ဆီဟာ ကစားသမားဘ၀တစ်လျှောက် အိမ်ကွင်းပွဲစဉ်တွေမှာ ပြိုင်ပွဲ စုံသွင်းဂိုး (၃၀၀) အထိသွင်းယူနိုင်ခဲ့တဲ့စံချိန်တစ်ခုကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ နူးကမ့်ကွင်းမှာ (၂၀၀၅) ခုနှစ်၊ မေလ (၁) ရက်နေ့ကပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး၊ သွင်းဂိုး (၃၀၀) ပြည့်သွင်းဂိုးကိုသွင်း ယူနိုင်ဖို့အတွက် ရက်ပေါင်း (၄၅၂၄) ရက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့နူးကမ့်ကွင်းမှာ ပထမဆုံးဂိုးသွင်း ယူခဲ့တဲ့ပွဲစဉ်ဟာ အယ်ဘာစီတီအသင်းနဲ့လာလီဂါပွဲစဉ်ဖြစ်ပြီး၊ ပွဲချိန်မိနစ် (၉၀) မှာသွင်းယူခဲ့တာဖြစ်ပါတယ်။ အယ်ဘာစီတီအသင်းကတော့ လက်ရှိစပိန်ဒုတိယတန်းလိဂ်ဆီဂန်ဒါ Division ကိုတန်းဆင်းသွားခဲ့ပြီဖြစ်ပါ တယ်။ မက်ဆီဟာဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၅၉၁) ပွဲအထိပါဝင်ကစားပြီး၊ (၅၁၉) ဂိုးအထိသွင်းယူ ပေးထားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်သလို၊ စပိန်လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်းရပ်တည်နေသူဖြစ်ပါတယ်။

ဒါ့အပြင်နူးကမ့်ကွင်းမှာ မက်ဆီသွင်းယူခဲ့တဲ့သွင်းဂိုး (၃၀၀) ထဲမှာ အက်စပန်ညိုအသင်းဘက်ကိုသွင်းယူခဲ့တဲ့ သွင်းဂိုးတွေကအများဆုံးပါဝင်နေတယ်လို့သိရပါတယ်။ မက်ဆီဟာ နူးကမ့်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေမှာ အက်စ်ပန်ညိုအသင်းကို (၁၅) ဂိုး၊ အက်သလက်တီကို၊ ဆီဗီလာနဲ့ အိုဆာဆူနာအသင်းတို့ကို (၁၄) ဂိုးစီသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအီဘာအသင်းနဲ့ လာလီဂါပွဲစဉ် (၅) အပြီးမှာ မက်ဆီရဲ့အိမ်ကွင်းသွင်းဂိုးအရေအ တွက်ဟာ (၃၀၂) ဂိုးအထိရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ မက်ဆီဟာ ကစားသမားဘ၀တစ်လျှောက်ပြိုင်ပွဲစုံ ဟက်ထရစ် (၃၉) ကြိမ်သွင်းယူနိုင်ခဲ့ပြီး၊ လာလီမှာဟက်ထရစ် (၂၈) ကြိမ်ရရှိခဲ့ပါတယ်။ ဒါ့အပြင်မက်ဆီဟာ နူး ကမ့်မှာကစားခဲ့တဲ့ အာဆင်နယ်၊ ဗလင်စီယာ၊ အက်စပန်ညို၊ အိုဆာဆူနာ၊ အီဘာ အစရှိတဲ့အသင်းတွေနဲ့ပွဲစဉ် တွေမှာ သွင်းဂိုး (၄) ဂိုးစီသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။


22 Sep 2017     1,325 Views




RELATED

Most Popular of Football

Most Popular of Sport