BEC-TERO TV

ပုံက အမြင်ရိုင်းသလိုဖြစ်ပေမယ့်ရေးကြီးခွင်ကျယ်လုပ်ပြီး မရှင်တော့ဘူးဆိုတဲ့ ခင်ဇာခြည်ကျော်

22 Sep 2017     1,884 Views


လူမှုကွန်ယက်မှာ ပျံနှံ့နေတဲ့ ခင်ဇာခြည်ကျော်နဲ့ ဇေရဲထက် တို့ ပုံ ဟာ လတ်လလော လူပြောများနေပါတယ် ။ ဝေဖန်သူအများအပြားလဲ ရှိသလို ဇာတ်လမ်းအရဆိုပြီး နာလည်ပေးကြတဲ့ သူတွေလည်း ရှိကြပါတယ် ။ ပုံဟာ  စာရေးဆရာမ ရွှေရေးထင်ထင် ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ “ရာဇ၀င်ရိုင်းသည်” ဇာတ်ကားမှ ဇာတ်ဝင်ခန်းတခုလည်း ဖြစ်ပါတယ် ။

“ ရိုက်ကွင်းက ဓာတ်ပုံဆိုတော့ ဇေရဲထက် က အပေါ်ပိုင်းပဲ ဖြတ်ပြီ တင်လိုက်လို့ အမြင်ရိုင်းသလိုဖြစ်သွားတာပါ ။ ဇာ့ကို ချစ်တဲ့ ပရိတ်သတ် တွေ အနေနဲ့ကတော့ အမြဲတမ်း  ဇာက အေးအေးဆေးဆေး ဇာတ်ကားတွေပဲ ရိုက်လာခဲ့တာဆိုတော့ အခုပုံတွေကြောင့် ပရိတ်သတ်အမြင်ရိုင်းသွားခဲ့ရင်တောင်းပန်ပါတယ် ။တကယ်တော့ ဇာတ်ဝင်ခန်းထဲမှာတော့ ဒီလောက် အမြင်မရိုင်းပါဘူး ။ အခုပုံက ဓာတ်ပုံ မို့လို့ ဖြတ်ညှပ်ကပ်ပြီး တင်ထားလို့ အမြင်တမျိုးဖြစ်သွားတာပါ ။ပရိတ်သတ်တွေ ရဲ့ ဝေဖန်မှုတွေလည်း ရှိသလို အနုပညာ အသိုင်းအ၀ိုင်းကြားမှာလဲ ဝေဖန်ပုတ်ခတ်တာတွေ ရှိပေမယ့် ရေကြီးခွင်ကျယ်လုပ်ပြီး ဖြေရှင်းမနေတော့ပါဘူး” ဆိုပြီး ပြောထားပါတယ် ။ 

credit:new watch


22 Sep 2017     1,884 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment