BEC-TERO TV

ပိုင်ဆိုင်မှုတွေကိုလူမှုကွန်ယက်ပေါ်မှာထုတ်ဖော်ကြွားဝါခဲ့သည့် မေ၀ယ်သာ

22 Sep 2017     1,324 Views


အမေရိကန်လက်ဝှေ့အကျော်အမော် မေ၀ယ်သာဟာ မကြာမီရက်ပိုင်းအတွင်းက ပေါင် (၁၈.၉) သန်းတန်ဖိုးရှိ တဲ့ အိမ်အသစ်တစ်လုံးကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ၀ယ်ယူခဲ့ပြီး၊အဆိုပါအိမ်အတွင်းမှ ဇိမ်ခံပစ္စည်းတွေ အပြင် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အင်စတာဂရမ်မှာထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသား မေ၀ယ်သာဟာ လက်ဝှေ့လောကသမိုင်းတစ်လျှောက်မှာ အချမ်းသာဆုံးလက်ဝှေ့သမား တစ်ဦးဖြစ်ပြီး၊ ဆုကြေးငွေ (၁) ဘီလျံကျော်အထိရရှိခဲ့ဖူးတဲ့ တစ်ဦးထဲသောကစားသမားဖြစ်ပါတယ်။

မေ၀ယ်သာ ဟာ သြဂုတ်လ(၂၆)ရက်နေ့က လက်ဝှေ့ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ MMAတိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ကိုအနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆုကြေးငွေ ပေါင်သန်း(၃၅၀) ရရှိခဲ့ပြီး၊အဆိုပါဆုကြေးပမာဏဟာ လက်ဝှေ့သမိုင်းတစ်လျှောက် အမြင့်ဆုံး ဆုကြေးပမာဏလည်းဖြစ်ပါတယ်။အသက် (၄၀) အရွယ်ရှိပြီဖြစ်တဲ့ မေ၀ယ်သာဟာ လက်ဝှေ့ လောကမှာ (၂၁) နှစ်အထိကျင်လည်ခဲ့ပြီး၊ ပြိုင်ပွဲပေါင်း (၅၀) ထိုးသတ်ခဲ့ရာမှာ လုံးဝရှုံးနိမ့်ထားခြင်းမရှိတဲ့ စံချိန်တစ်ခုကိုရရှိထားသူဖြစ်ပါတယ်။ လက်ဝှေ့လောကမှာ နာမည်ကြီးတဲ့ မေ၀ယ်သာဟာ ဆုကြေးအဖြစ်ရရှိတဲ့ ငွေကြေးတွေကို ဇိမ်ခံပစ္စည်းတွေအတွက် အသုံးပြုရာမှာ နာမည်ကြီးသူတစ်ဦးလည်းဖြစ်ပါတယ်။

ယခုအခါမှာ တော့ မေ၀ယ်သာဟာ အဆိုပါဆုကြေးတွေကို အသုံးပြုပြီး၊ကယ်လီဖိုးနီးယားပြည်နယ် ဘီဗာလေတောင်ကုန်း ပေါ်မှာပေါင်(၁၈.၉)သန်းတန်အိမ်တစ်လုံးကို ၀ယ်ယူခဲ့တာဖြစ်ပါတယ်။မေ၀ယ်သာဝယ်ယူခဲ့တဲ့အိမ်ဟာ စတုရန်းပေ (၁)သောင်း(၅)ထောင်ကျော် ကျယ်ဝန်းပြီး၊ အိပ်ခန်း (၆) ခန်း နဲ့ ရေချိုးခန်း (၁၀) ခန်း ပါဝင်တဲ့အပြင် အိမ်ခန်း တန်ဖိုးအပြင် ပရိဘောဂပစ္စည်းတွေအတွက် စုစုပေါင်း ဒေါ်လာ သန်း(၃၀)ခန့်ကုန်ကျတယ်လို့သိရပါတယ်။ မေ၀ယ်သာရဲ့ အင်စတာဂရမ်မှာဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ သူဟာ တန်ဖိုးကြီးမားတဲ့မီးဆိုင်းတွေ တပ်ဆင်ထားတဲ့ကျယ်ဝန်းတဲ့ ဧည့်ခန်းထဲမှာရှိနေတာဖြစ်ပြီး၊သူရဲ့နောက်မှာတော့ဝိုင်တွေအပြည့်တင်ထားတဲ့စင် တစ်ခုရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မေ၀ယ်သာဟာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ(၅) သန်းတန် နာရီတွေကိုလည်း အင်စတာဂရမ် မှာ ပြသခဲ့ပါတယ်။ မေ၀ယ်သာဟာ တန်ဖိုးကြီးပြိုင်ကားမျိုးစုံနဲ့ ဇိမ်ခံကားတွေ ၀ယ်ယူစုဆောင်း ရတာကို နှစ်သက်သူဖြစ်ပြီး၊တန်ဖိုးကြီးကားအစီး (၁၀၀) ကျော် ပိုင်ဆိုင်တယ်လို့လည်းသိရပါတယ်။


22 Sep 2017     1,324 Views




RELATED

Most Popular of Boxing

Most Popular of Sport