BEC-TERO TV

မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးတက်ရခြင်းမှာ တိုင်းဖုန်းမုန်တိုင်းကြောင့်ဟုဆို

22 Sep 2017     1,270 Views


မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးများ တရိပ်ရိပ်မြင့်တက်လာရသည့်အကြောင်းရင်းမှာ အမေရိကန်နိုင်ငံတွင် ဝင်ရောက်နေသော တိုင်ဖုန်းမုန်တိုင်းကြောင့်ဟု မြန်မာနိုင်ငံစက်သုံးဆီ တ်သွင်းရောင်းချ ဖြန့်ဖြူရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့သည်။

လက်ရှိစက်သုံးဆီဈေး နည်းနည်းတက်တယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဘက်မှာ တိုင်ဖုန်းမုန်တိုင်းတွေ တောက်လျှောက်ဝင်နေတဲ့အခါမှာ ဆီစက်ရုံတွေ တော်တော်များများ ရပ်ထားလိုက်ရတယ်။ ရောင်းလိုအား ဝယ်လိုအား မမျှဘူးဖြစ်တော့ ကမ္ဘာ့ဆီဈေးတွေ တက်တာပေါ့။ ကမ္ဘာဆီဈေးတက်တော့ ဒီကဆီဈေးတွေ လိုက်တက်တာပါပဲ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် စက်သုံးဆီတင်သွင်းမှုကို စင်ကာပူနိုင်ငံက တစ်ဆင့်ကြားခံတင်သွင်းလျှက်ရှိပြီး လက်ရှိမှာ စင်ကာပူနိုင်ငံက စက်သုံးဆီကို အမေရိကန်ဘက်ကို အရေးပေါ်တင်ပို့ရတဲ့အခြေအနေကြောင့် ဒီဘက်ပိုင်း တင်ပို့မှု လျှော့နည်သွားကြောင်း သိရှိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ပြန်ကျနိုင်မှု ရှိ၊မရှိ အပေါ်တွင် လက်ရှိပေါက်ဈေးနဲ့ နိုင်ငံခြားကတင်သွင်းရတဲ့ စက်သုံးဆီဈေးနှုန်းက လိုက်လျောညီထွေရှိနေပါက အတက်အကျဖြစ်မည်မဟုတ်သလို ပြည်တွင်းဆီလက်ကျန်ပေါ်မူတည်ပြီး နိုင်ငံခြားမှာ ဆီးဈေးတက်သော်လည်း လိုက်မတက်နိုင်သလို ပြန်ကျသည့်အခါတွင်လည်း ချက်ခြင်းပြန်မကျ နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

စက်သုံးဆီများကို နိုင်ငံခြားကထုတ်လုပ် တင်သွင်းရခြင်းဖြစ်လို့ ဆီဈေးအတက်အကျကို အသင်းအနေနဲ့ ထိန်းချုပ်လို့မရပဲ နိုင်ငံခြားဈေးကွက်နဲ့ ဒေါ်လာငွေလဲနှုန်း အတက်အကျတို့အပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။

ပြည်ပမှ ဆီတင်သွင်းပမာဏ တစ်လလျှင် ဓာတ်ဆီတန်ချိန် နှစ်သိန်း၊ ဒီဇယ်တန်ချိန် လေးသိန်းခန့် ပျှမ်းမျှတင်သွင်းလျှက်ရှိကြောင်း သိရှိရသည်။

သတင်းကိုးကား - ဒီမိုကရေစီတူဒေး


 


22 Sep 2017     1,270 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS