BEC-TERO TV

ရန်ကုန် Air port Inn အခန်း B.6 တွင် ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မူးယစ်ဆေးဝါး Ice အချို့ နင့်အတူဖမ်းဆီးရမိ

22 Sep 2017     1,378 Views


၂၁၊၉၊၂၀၁၇ ရက်နေ့ ၂၁:၅၅ အချိန်ရန်ကုန် Air port Inn အခန်း B.6 တွင် ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မူးယစ်ဆေးဝါး Ice အချို့ နင့်အတူဖမ်းဆီးရမိ ရန်ကုန်တိုင်း မူးယစ်အထူး ၄၁ မှ ရဲမှူးမြင့်အောင် ဦးဆောင်သည့်အဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက် လေဆိပ်ရိပ်သာလမ်း၊အမှတ် ၁၈/၂၀ ရှိ Air port Inn အခန်း B.6 တွင် ဝင်ရောက်ရှာဖွေရာ အခန်းတွင်း၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ လုံခြုံရေးနှင့်သယ်ယူပို့ဆောင်ရေးတာဝန်ခံ ခွန်မင်းဦး ၄၃ နှစ်၊ နှင့် အမျိုးသမီးငယ် စိစစ်ဆဲတို့ ၁ ဦးအားတွေ့ရှိရပြီး အခန်းတွင်းမှ ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မူးယစ်ဆေးဝါး Ice အချို့အလေးချိန် စိစစ်ဆဲတို့အား ရှာဖွေ တွေ့ရှိကြောင်း သိရှိရ။

Moee Hein.

Photo Aye Min.

Credit : Myanmar News


22 Sep 2017     1,378 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS