BEC-TERO TV

ချစ်သူက ၂၄ နာရီ သ၀န်တိုနေတာ ဆိုတဲ့ ဧငြိမ်းဖြူ

22 Sep 2017     1,420 Views


အဆိုတော် ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ဟာ ချစ်သူတွေ လို့ အတည်ပြုထားပြီးပီလဲ ဖြစ်ပါတယ် ။ အချစ်ရေးကတော့ အများစိတ်ဝင်စားနေကြပါတယ် ။ “အချစ်ရေး ကတော့ အေးဆေးပါ ။ သူကတော့ ၂၄ နာရီ သ၀န်တိုနေတာပါပဲ ။တစ်ချိန်လုံး စိတ်မချဘူး ၊ စိတ်မချဘူးပဲ ပြောတယ် ။ သူအရင်က ဘာတွေ ဖြစ်ဖြစ် အတိတ်ဆိုတော့  စိတ်မ၀င်စားပါဘူး ။ ညီမမှာလဲ အတိတ်တွေ ဆိုတာ ရှိပါတယ် ။ အရင်က ရည်းစားလဲ ရှိခဲ့ ပါတယ် ။ အခုအချိန်မှာ အနုပညာ အလုပ်တွေ လုပ်နေတဲ့ အတွက် အိမ်ထောင်ရေးကိုတော့ မစဉ်းစားသေးပါဘူး ။ အိမ်ထောင်ရေးဆိုတာက ဖူးစာ ပါမှ အဆင်ပြေမှာပါ ။သူနဲ့ ကိုယ်နဲ့ ဖူးစာ ပါလား မပါဘူးလားဆိုတာမသိပါဘူး ။ အဲ့ဒါကြောင့် လက်ရှိအချိန်တွေကိုပဲ အကောင်းဆုံးဖြစ်အောင်နေထိုင်ပါတယ် ။ အဲ့လို့ပဲ စဉ်းစားထားတယ် ။

အနုပညာ အလုပ်တွေ နဲ့ ပတ်သက်ပြီးတော့ သူ့ကို ပြောပြတိုင်ပင်ဖြစ်ပါတယ် ။သူကပြောတယ် ။ ဒါကို ဘယ်လိုလုပ် ၊ ဘယ်လိုကိုင် ဆိုတာကို သူက အကြံပေးပါတယ် ။ကိုယ်ကတော့ သူ့ကိုဘယ်လို အ၀တ်အစား ၀တ် ဘယ်လိုပုံစံနဲ့ ဆို အဆင်ပြေမယ်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် အကြံပေးဖြစ်တာမျိုးလေးတွေ ရှိပါတယ် ။နားလည်မှုတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရှိရမှာပါ” ဆိုပြီး ပြောထားပါတယ်

Credit:democracy


22 Sep 2017     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment