BEC-TERO TV

မလေးရှားမိန်းမကို ကြောက်ရတယ်ဆိုတဲ့ ဟောင်ကောင်မင်းသား

22 Sep 2017     1,431 Views


ဟောင်ကောင် စူပါစတားမင်းသား အန်ဒီလော ဟာ မြန်မာပရိသတ်နဲ့ လုံးဝမစိမ်းတဲ့ မင်းသားတစ်​ယောက် ဖြစ်ပါတယ်။ အက်ရှင်၊ ဒရာမာ အကြမ်းအလွမ်း ဘက်စုံထူးချွန်တဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။


တစ်လောက ထိုင်းနိုင်ငံမှာ ကြော်ငြာရိုက်ကူးရင်း မြင်းပေါ်က ပြုတ်ကျခဲ့တာကြောင့် ဆေးရုံအကြားကြီး တက်ခဲ့ရပြီး အခုအခါ ပြန်လည်ကျန်းမာလာပြီဖြစ်ပါတယ်။ အသက် ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အန်ဒီလော က သူရဲ့မွေးနေ့ကို ပရိသတ်တွေနဲ့ ဟောင်ကောင်မှာပဲ ကျင်းပခဲ့ပါတယ်။

အဲဒီပွဲမှာ ဟောင်ကောင်မင်းသမီး ဆန္ဒြာကွမ်ယုက အန်ဒီလောဟာ သူ့ရဲ့ ၅ နှစ်အရွယ် သမီးလေး ဟန်နာကို အရမ်းကြောက်ရတယ်လို့ စလိုက်တဲ့အခါ အန်ဒီလော က သမီးလေးကို မကြောက်ရပါဘူး တစ်ကယ်တော့ သူ့မိန်းမကို ကြောက်ရတာပါဟု ရယ်သွမ်းသွေးပြီး ပြောကြားခဲ့ပါတယ်။ အန်ဒီလောရဲ့ ဇနီးဟာ မလေးရှားနိုင်ငံသူ ကာရိုချူးဖြစ်ပါတယ်။
 


22 Sep 2017     1,431 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS