BEC-TERO TV

သက်ဆိုင်ရာလိဂ်အသီးသီးမှာခြေစွမ်းပြသနေကြသည့် အာဂျင်တီးနားတိုက်စစ်မှုးများ

25 Sep 2017     1,259 Views


အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှုးတွေဖြစ်တဲ့ မက်ဆီ၊ အဂူရို၊ ဒိုင်ဘာလာ၊ အိုင်ကာဒီ အစရှိတဲ့ကစားသမားတွေဟာ ယခုနှစ်ရာသီမှာ သက်ဆိုင်ရာကလပ်အသီးသီးရဲ့ထိပ်တန်းဂိုးသွင်းရှင်တွေအဖြစ်ရပ်တည်နေပြီးမြင့်မားတဲ့ဂိုး သွင်းနှုန်းတွေပြသနေကြပါတယ်။ ဥရောပထိပ်တန်းလိဂ်တွေဖြစ်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေတို့ရဲ့ ပွဲစဉ်(၅) ပြီးဆုံးချိန်မှာ အဆိုပါလိဂ်တွေရဲ့သွင်းဂိုးအများဆုံးကစားသမားတွေအဖြစ်အာဂျင်တီးနား နိုင်ငံသားတွေကရပ်တည်နေပါတယ်။ ` အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၅)ပြီးဆုံးချိန်မှာ မန်စီးတီးတိုက်စစ်မှုး အဂူရိုက သွင်းဂိုး (၅)ဂိုးသွင်းယူထားပြီး၊ န်ယူတိုက်စစ်မှုးလူကာကူနဲ့အတူပရီးမီးယားလိဂ်ရဲ့သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဒါ့အပြင် အဂူရိုဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ (၃)ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို ယခုနှစ်ရာသီ(၆)ပွဲကစားရာမှာ (၆)ဂိုးထိသွင်းယူထားပါတယ်။ စပိန်လာလီဂါ မှာတော့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှုး မက်ဆီက လာလီဂါပွဲစဉ်(၅)ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ သွင်းဂိုး (၉) ဂိုးနဲ့ လာလီဂါရဲ့သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်နေပါတယ်။ ဒါ့အပြင် မက်ဆီဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၈) ပွဲမှာ (၁၂) ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

မက်ဆီဟာ ဥရောပထိပ်တန်း လိဂ်(၅)ခုရဲ့သွင်းဂိုး အများဆုံးကစားသမားစာရင်းမှာလည်း ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ အီတလီစီးရီအေမှာ ဂျူဗင်တပ် တိုက်စစ်မှုး ဒိုင်ဘာလာက ပွဲစဉ်(၅)ပွဲကစားပြီးချိန်မှာသွင်းဂိုး(၈)ဂိုးသွင်းယူပြီး၊ စီးရီးအေရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ဒါ့အပြင်ဒိုင်ဘာလာဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၆)ပွဲမှာ (၁၀)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး၊ဟက်ထရစ်(၂)ကြိမ်အထိရရှိခဲ့ပါတယ်။ ဒိုင်ဘာလာရဲ့နောက်မှာ လက်ရွေးစင်အသင်းဖော် အင်တာမီလန် တိုက်စစ်မှုးအိုင်ကာဒီက သွင်းဂိုး (၆) ဂိုးနဲ့ စီးရီးအေ ရဲ့ ဒုတိယသွင်းဂိုး အများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။


25 Sep 2017     1,259 Views




RELATED

Most Popular of Football

Most Popular of Sport