BEC-TERO TV

အကြောသေရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     1,899 Views


အကြောသေရောဂါအကြောင်းသိကောင်းစရာ
 
မျက်နှာမှာ ရှိတဲ့ ကြွက်သားတွေဟာရုတ်တရက် အားနည်းသွားတယ် ၊ အကြောသေသလိုခံစားရတဲဲ့ရောဂါပဲဖြစ် ပါတယ်။ အဲ့လိုဖြစ်တဲ့တွက်ကြောင့် မျက်နှာတစ်ခြမ်းစောင်းသွားပီးတော့ ပြုံးလိုက်တဲ့အခါမှာဆိုရင် မျက်စိက လည်းအမြဲတမ်းပွင့်နေတယ်။ CEREBRAL PALSY မျက်နှာမှာဖြစ်တဲ့ သွက်ချာပါဒရောဂါလို့လည်းခေါ်ပါတယ် ဒီရောဂါကဆိုရင် တစ်ချို့ကချက်ချင်းပြန်ကောင်းသွားတာရှိသလို တစ်ချို့က မကောင်းပဲနဲ့ ပြန်ဖြစ်တာတွေ လည်းရှိပါတယ်။
 
လက္ခဏာတွေ အနေနဲ့ကတော့ ရုတ်တရက်ချက်ချင်း မျက်နှာမှာရှိတဲ့ကြွက်သားအားနည်း သလို ခံစားရပြီးတော့မျက်နှာအကြောသေသလိုဖြစ်သွားပြီး မျက်နှာတစ်ခြမ်းစောင်းတဲ့ပုံဖြစ်သွားပါတယ်။ဖြစ် တဲ့ဘက်မှာဆိုရင်မျက်လုံးကပိတ်လို့မရပဲ အမြဲတမ်းပွင့်နေတက်ပါတယ်။ မေးရိုးပတ်ချာလည်မှာနာတယ်၊ အရသာခံအာရုံတွေနည်းလာတယ်၊ အခြားအာရုံတွေမှာလည်းထိခိုက်မှုတွေ ရှိလာတာကိုတွေ့ရှိရပါတယ်။
 
တစ်ချို့တွေဆို မျက်နှာနှစ်ဖက်လုံးဖြစ်သွားတက်တဲ့အခြေနေထိရောက်သွားတက် ပါတယ်။ မျက်နှာကအကြောသေသလို ပြုံးလို့ ရယ်လို့မရတဲ့ အချိန်မှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ထိုရောဂါကလေဖြတ်တာနဲ့တော့မတူပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ တိတိကျကျမပြောနိုင်ပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ တစ်ချို့နဲ့ဆက်စပ်နေတယ်လို့သိရှိရပါတယ်။
 
ရေယုန်နာဗိုင်းရပ် (HARPES) ၊ ရေကျောက်ဗိုင်းရပ် ၊ တုပ်ကွေးဗိုင်းရပ် ( INFLUENZA) ၊ ပါးချိတ်ရောင်ဗိုင်းရပ်စ် (MUMPS ) အစရှိတဲ့ဗိုင်းရပ်စ်တွေနဲ့လည်းဆက်စပ်မှုရှိကြောင်း တွေ့ရပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တဲ့သူတွေမှာလည်းဖြစ်တက်ပါတယ်။ထိုရောဂါတွက်တိကျတဲ့ကုသမှု ရယ်လို့တော့မရှိပါဘူး။ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ဆေးပေးလို့ရပါတယ်။ 
 
အ ကြောသေတာနဲ့ပတ်သတ်နေတဲ့အတွက်ကြောင့် ဆေးကုသကုထုံးအပြင် PHYSIOTHERAPY လို့ခေါ်တဲ့ ရူပကုထုံး ဥပမာ - နှိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ အစရှိတဲ့ကုထုံးတွေနဲ့လည်းကုသလို့ရပါတယ်။ထိုရောဂါက ကြိုတင်ကာကွယ်တဲ့နည်းလမ်းတော့မရှိပါဘူး။အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာခံစားနေရပြီဆိုရင် တော့ ဆရာဝန်ဆီ ကြိုတင်သွားရောက်တိုင်ပင်ကုသသင့်ပါတယ်။

10 Jun 2015     1,899 Views




RELATED

Most Popular of Health Fix

Most Popular of Life Style