BEC-TERO TV

အံမခန်းတဲ့ စန္ဒယားလက်သံကြောင့် ကမ္ဘာကျော်သွားတဲ့ ၆ နှစ်သမီးလေး (ရုပ်သံ)

26 Sep 2017     1,396 Views


တရုပ်နိုင်ငံက အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ “အန်ကာ” ဆိုတဲ့ မိန်းကလေးရဲ့ စန္ဒယားလက်သံဟာ အံ့မခန်း ဖြစ်ခဲ့ရတာကြောင့် ကမ္ဘာကျော် “Little Big Show” အစီအစဉ်ကနေ ခေါ်ယူပြီး အင်တာဗျူးခဲ့ရပါတယ်။

စင်မြင့်ပွဲတွေနဲ့ စိမ်းပုံမရတဲ့ “အန်ကာ” က လူအများကြီးရှေ့မှာ သက်တောင့် သက်သာ အနေအထားနဲ့ ရှိနေခဲ့ပါတယ်။ အင်္ဂလိပ်လို မပြောတတ်ပေမယ့် သူမစိတ်ထဲက ပြောချင်တာတွေကို ကလေးပီပီ ဘွင်းဘွင်းကြီးပြောချခဲ့တာကြောင့် ပရိသတ်တွေ ပွဲကျခဲ့ပါတယ်။
စီစဉ်တင်ဆက်သူ စတိဗ်ဟာဗီကို ဦးလေးရဲ့ နှဦးခေါင်းကြီးက ကြီးလိုက်တာ၊ မုတ်ဆိတ်မွှေးတွေကလည်း ဖြူလို့ မျက်လုံးကလည်း ရီစရာကြီး စသည်ဖြင့် ကလေးပီပီ ပြောဆိုခဲ့ပါတယ်။

အသက် ၄ နှစ်အရွယ်ထဲက စန္ဒယားစတီးတဲ့ အန်ကာ က တစ်နေ့ကို ၄ နာရီ စန္ဒယားတီးလေ့ကျင့်တယ်လို့ ဆိုပါတယ်။ မိုးဇက်နဲ့ ဗီသိုဘင်တို့က သူမအားကျရသူတွေဖြစ်ပြီး တင်ဆက်သူက တေလာဆွစ်ကို သိလားမေးတော့ မသိဘူးလို့ ဖြေကြားခဲ့ပါတယ်။
သူမရဲ့ အရွယ်နဲ့မလိုက်အောင် ထူးခြားတဲ့ စန္ဒယားလက်သံကို ခံစားကြည့်ကြပါဦး။
 


26 Sep 2017     1,396 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment