BEC-TERO TV

ဦးနှောက်ရောင်ရမ်းခြင်းရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     1,394 Views


ဦးနှောက်ရောင်ရမ်းခြင်းရောဂါအကြောင်းသိကောင်းစရာ

(ENCEPHALITIS) လို့ခေါ်တဲ့ ဦးနှောက်ရောင်ရမ်းခြင်းရောဂါဟာ ဗိုင်းရပ် ၊ ဗက်တီးရီးယား ၊ မှို၊ ကပ်ပါးကောင်တွေကြောင့်ဖြစ်တက်ပါတယ်။ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ရောဂါကတော့ အဖြစ်များဆုံးပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ တုတ်ကွေးဖြစ်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ဖျားနာခြင်း ၊ ကိုယ်လက်ကိုက်ခြင်း ၊မအီမသာဖြစ်ခြင်း၊တွေဖြစ်တက်ပါတယ်။ 
 
ထပ်ပီးဆိုးရွားလာတာကတော့ အဖျားတွေတက်လာမယ် အဖျားမကျတော့ဘူး ၊ စိတ်တွေ ရှုပ်ထွေးလာမယ် ၊ ခေါင်းတွေတအားကိုက်လာမယ် ၊ သတိလစ်တဲ့အထိကိုဖြစ် တက်ပါတယ်။နောက်ပိုင်း တစ်ကိုယ်လုံးသေသွားတာတွေ ၊ အမြင်အာရုံချို့တဲ့သွားတာတွေ ၊ နားထဲမှာအသံ တွေကြားယောင်တာတွေ ၊ သတိမေ့မြောသွားတဲ့အထိကိုဆိုးရွားစွာ ဖြစ်တက်ပါတယ်။
 
ကလေးတွေခံစားရတာ ကတော့ အန်မယ် ၊ ပျို့မယ်၊ ဦးခေါင်းကတောင့်နေမယ်၊ တအားငိုမယ် ၊ အစားအသောက်မစားဘူး အစရှိတဲ့ လက္ခဏာတွေ တွေ့ရှိရပါတယ်။ ခေါင်းတွေတအားကိုက်လာမယ် ၊ ဖျားနာမယ် ၊ အစားအသောက်ပျက်တဲ့ အခြေနေတွေဖြစ်ပေါ်ပီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
 
ဗိုင်းရပ်ကြောင့်ဖြစ်တာဆို ဗိုင်းရပ် သတ်တဲ့ဆေးနဲ့ကုသလို့ရသလို ဗတ်တီးရီးယားကြောင့်ဖြစ်တယ်ဆိုရင်လည်း ဗတ်တီးရီးယားကိုသတ်တဲ့ဆေးနဲ့ ကုသလို့ရပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့လိုပါတယ် ။ ကိုယ်ရဲ့အသုံးအဆောင်တွေကိုသူများအား မျှဝေပေးမသုံးပါနဲ့။ ဖော်ပြထားတဲ့အချက်တွေကိုလိုက်နာမယ် ၊ ကျန်းမာရေးလိုက်စားမယ်ဆိုရင်တော့ ရောဂါကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

10 Jun 2015     1,394 Views




RELATED

Most Popular of Health Fix

Most Popular of Life Style