BEC-TERO TV

ကမ္ဘာ့အဆင့် ONE မစ်ဒယ်ဝိတ်တန်း ချံပီယံ အောင်လအန်ဆန်း နိုဝင်ဘာလ (၃) ရက်ပွဲအတွက် လက်မှတ်များစတင်ရောင်းချပေးပါပြီ

27 Sep 2017     1,408 Views


နိုဝင်ဘာလ (၃) ရက်နေ့မှာ ယှဉ်ပြိုင်မယ့် MMA သိုင်းပေါင်းစုံ စိန်ခေါ်ပွဲကြီးက မြန်မာပရိသတ်ကြီးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းမယ့် ပွဲတစ်ပွဲဖြစ်မှာ အသေအချာပါပဲ။ ကမ္ဘာ့အဆင့် ONE မစ်ဒယ်ဝိတ်တန်း ချံပီယံ အောင်လအန်ဆန်း က သူ့ရဲ့ အိမ်မက်တွေကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းထဲမှာ သူချစ်တဲ့ မြန်မာပရိသတ်များအတွက် အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အောင်လအန်ဆန်း အတွက် ဒီပွဲဟာ စိန်ခေါ်မှု အရမ်းကြီးတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ သူရဲ့ပြိုင်ဘက် Alian Ngalani ဟာ ဟဲဗီးဝိတ် ကစ်ဘောက်ဆင် ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး အလဲထိုးအနိုင်ယူခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိထားသူဖြစ်ပါတယ်။ ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်မှာ အသေချာမို့ မြန်မာ့စပါးအုံး အောင်လအန်ဆန်းကို ကွင်းထဲအရောက် သွားရောက်အားပေးဖို့ဆိုရင် လက်မှတ်ရထားဖို့က အရေးကြီးပါတယ်။ လက်မှတ်များကို စက်တင်ဘာလ (၂၆) ရက်နေ့က စတင်ပြီး ရောင်းချပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

လက်မှတ်ဈေးနှုန်းများ -၂၀၀,၀၀၀/ - ၅၀,၀၀၀/ - ၂၅,၀၀၀/ - ၁၀,၀၀၀/ ဝယ်ယူနိုင်မည့်နေရာ - နီးစပ်ရာ 4 TV Show Rooms များ-My Asia Ticket Office အခန်း(၇၀၃)၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြိုနယ်။

ဖုန်း- ၀၁၅၅၆၈၁၇၊ ၀၁၅၄၉၂၉၇


27 Sep 2017     1,408 Views




RELATED

Most Popular of Boxing

Most Popular of Sport