BEC-TERO TV

အစာစားခြင်းနှင့် ဦးနှောက်မှတ်ဉာဏ်အားကောင်းစေရန်

10 Jun 2015     1,423 Views


အစာစားခြင်းနှင့် ဦးနှောက်မှတ်ဉာဏ်အားကောင်းစေရန်

ဦးနှောက်ကို အန််ဒီအောက်စီဒန့်ဖြစ်စေတဲ့ အစားအစာတွေကိုစားပေးသင့်ပါတယ် ဦးနှောက်အတွင်းကိုသွေးလည်ပတ်မှုကောင်းစေတဲ့အစားအစာတွေ၊ သန့်ရှင်းမှု ရှိတဲ့အစားအစာတွေ ၊ ဓာတုဗေ ဒကင်းတဲ့အစားအစာတွေစားသုံးပေးသင့်ပါတယ်။ပရိုတင်းဓာတ်က အသားတွေကနေ ရရှိတဲ့အတွက်ကြောင့် အဆီမပါတဲ့အသားတွေကိုရွေးချယ်ပြီးစားသုံးပေးသင့်ပါတယ်။
 
အသားတွေကိုချက်ပြုတ်တဲ့အခါမှာလည်းကျက် အောင်ချက်ပြုတ်စားသောက်သင့်ပါတယ်။ကြော်လှော်ချက်ပြုတ်မယ့်အစားပေါင်းစားတာတို့ ပြုတ်စားတာတို့က ကျန်းမာရေးတွက်ပိုပြီးသင့်တော်ပြီးတော့ ဦးနှောက်ကိုပိုပြီးတော့ကျန်းမာစေပါတယ်။
 
တူနာငါး၊ဆော်လမွန်ငါး တွေမှာ OMEGA – 3ပြည့်ဝနေတဲ့အပြင် အခြားအာဟာရဓာတ်တွေလည်းပြည့်ဝနေတဲ့အတွက်ကြောင့်ခန္ဓာ ကိုယ်တွက်လိုအပ်တဲ့ မပြည့်ဝဆီအတွက်လည်းဖြစ်တဲ့ အတွက်ကြောင့် စားသုံးပေးသင့်ပါတယ်။ကြက်ဥမှာပါတဲ့ ကိုလင်းဓာတ်က ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကူညီပေးပြီး မှတ်ဉာဏ်အားကို ပိုပြီးတော့ကောင်းစေပါ တယ်။တစ်နေ့မှာ အိပ်ရေးဝဝနဲ့ တစ်ရက်ကို ၈နာရီလောက်အိပ်ပေးမယ်ဆိုရင် ဦးနှောက်ဆဲလ်တွေကိုနိုးကြားစေ သလိုဖြစ်စေပြီး ဦးနှောက်မှတ်ဉာဏ်အားကိုပိုပြီးတော့ကောင်းစေပါတယ်။
 
ဦးနှောက်ဉာဏ်ကိုဖွံ့ဖြိုးစေတဲ့ကစား နည်းတွေကစားသင့်ပါတယ် ဥပမာ - ကျားကွပ်ထိုးခြင်း ၊ ပါဆယ်ဂိမ်းကစားခြင်း။ချောကလက်မှာပါတဲ့ ဓာတ်တစ် မျိုးကလည်း အန်ဒီအောက်စီဒန့်ကိုဖြစ်တဲ့ အတွက်ကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့ချောကလက်ကိုစားသုံးပေး လို့လည်း အဆင်ပြေပါတယ်။ဖော်ပြခဲ့တဲ့အစားအသောက်တွေနဲ့ အပြုအမူတွေကိုလိုက်နာပြုမူနေထိုင်မယ်ဆို ရင်တော့ ဦးနှောက်နဲ့မှတ်ဉာဏ်ကိုပိုပြီးတော့အားကောင်းစေပါတယ်။

10 Jun 2015     1,423 Views




RELATED

Most Popular of Health Fix

Most Popular of Life Style