BEC-TERO TV

ထိပ်သီးအသင်းတွေရဲ့အဓိကတိုက်စစ်မှုးတွေအားလုံးဂိုးသွင်းယူနိုင်ခဲ့ကြသည့်ပရီးမီးယားလိဂ်ပွဲစဉ်(၆)

28 Sep 2017     1,342 Views


ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ယူ၊မန်စီးတီး၊ချယ်ဆီး၊စပါး၊ အာဆင်နယ် အစရှိတဲ့အသင်းတွေရဲ့ အဓိကတိုက်စစ်မှုးတွေကိုယ်စီ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေသွင်းယူနိုင်ခဲ့ကြပါတယ်။ နိုင်ငံတကာအားကစားသတင်းအယ်ဒီတာက တင်ဆက်ပေးမှာဖြစ်ပါတယ်။ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ မန်ယူ၊မန်စီးတီး၊ချယ်ဆီး၊စပါး၊လီဗာပူးလ်၊ အာဆင်နယ် စတဲ့အသင်း တွေနိုင်ပွဲတွေရရှိခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်နာမည်ကျော် တိုက်စစ်မှုးတွေဖြစ်တဲ့မန်ယူအသင်းမှ လူကာကူ၊ မန်စီးတီးအသင်းမှအဂူရို၊ ချယ်ဆီးအသင်းမှမိုရာတာ၊စပါးအသင်းမှဟယ်ရီကိန်း၊အာဆင်နယ်အသင်းမှ လာကာ ဇက်အစရှိတဲ့တိုက်စစ်မှုးတွေအနေနဲ့လည်း အသင်းအတွက် သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်း ဟာ ပွဲစဉ်(၆)အဖြစ် ဆောက်သမ်တန်အသင်းရဲ့အိမ်ကွင်းကိုသွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး၊အဓိကတိုက်စစ်မှုး လူကာကူရဲ့တစ်လုံးထဲသောဂိုးကြောင့် တစ်ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းက ခရစ်စတယ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ပြီး၊ (၅) ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ယခုပွဲစဉ်မှာ မန်စီးတီးအသင်း ရဲ့ အဓိကတိုက်စစ်မှုး အဂူရိုအနေနဲ့လည်း အနိုင်ဂိုး(၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်းကတော့ အိမ်ကွင်းမာကျောတဲ့ စတုတ်စီးတီးအသင်းရဲ့အိမ်ကွင်းမှာသွားရောက်ယှဉ်ဆိုင်ကစားခဲ့ရပေမဲ့ တိုက်စစ်မှုး မိုရာတာရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အတူ (၄) ဂိုး၊ဂိုးမရှိရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ စပါးအသင်းကလည်း ၀က်စ်ဟမ်း အသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပြီး၊ (၃) ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲစဉ်မှာ စပါးအသင်းရဲ့အဓိကတိုက်စစ်မှုး ဟယ်ရီကိန်းဟာ စပါးအသင်းအတွက် သွင်းဂိုး(၂)ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းကတော့ ပွဲစဉ် (၆) အဖြစ် ကစားရခက်ခဲတဲ့ ၀က်စ်ဘရွန်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး အဓိကတိုက်စစ်မှုးလာကာဇက်ရဲ့သွင်းဂိုး(၂)ဂိုးနဲ့အတူ (၂) ဂိုးပြတ်အနိုင်ရရှိခဲ့ ပါတယ်။ ပွဲစဉ် (၆)အပြီးမှာ ပရီးမီးယားလိဂ်ရဲ့သွင်းဂိုးအများဆုံးတိုက်စစ်မှုးတွေအဖြစ် မန်ယူအသင်းတိုက်စစ်မှုး လူကာကူ၊ ချယ်ဆီးအသင်းတိုက်စစ်မှုးမိုရာတာနဲ့ မန်စီးတီးအသင်းတိုက်စစ်မှုးအဂူရိုတို့က သွင်းဂိုး (၆) ဂိုးစီနဲ့ သွင်းဂိုး အများဆုံး တိုက်စစ်မှုးတွေအဖြစ်အသီးသီးရပ်တည်နေပါတယ်။


28 Sep 2017     1,342 Views




RELATED

Most Popular of Football

Most Popular of Sport