BEC-TERO TV

အားကစားထူးချွန်သူတွေကို ဘ၀ဖူလုံရေးအတွက် အလုပ်ခန့်တဲ့ နေရာမှာ ဦးစားပေးခန့်တဲ့ စနစ်လုပ်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးပြော

28 Sep 2017     1,335 Views


အားကစားပြိုင်ပွဲတွေမှာ ဆုရရှိတဲ့ကစားသမားတွေ၊နောင်အလားအလာရှိတဲ့ ကစားသမား တွေကို လူမူဘ၀ဖူလုံရေးနဲ့စားဝတ်နေရေးတွေအဆင်ပြေစေဖို့ အလုပ်ခန့်ထားတဲ့နေရာမှာ သူတို့ကိုဦးစားပေးတဲ့စနစ်ကျင့်သုံးမယ်လို့ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ အခုလိုအားကစားထူးချွှန်သူတွေကို အလုပ်တွေခန့်ထားရာမှာဦးစားပေးခန့်ထားဖို့ တစ်နိုင်ငံလုံး ပါဝင်ရေးလုပ်ဆောင်သွားမှာဖြစ်ပြီးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပြင် အခြားဝန်ကြီး ဌာနတွေလဲပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ စက်တင်ဘာလ(၂၅)ရက်က နေပြည်တော် ၀ဏ္ဏသိဒိ္ဓ အားကစားရုံမှာပြုလုပ်ခဲ့တဲ့ (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိ ခဲ့ကြတဲ့ အားကစားသမားတွေကိုဂုဏ်ပြုဆုငွေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ပြည်တွင်းမှာထူးချွှန်တဲ့ အားကစားသမားတွေပေါ်ထွက်လာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့အားကစားပစ်္စည်းတွေကို နှစ်စဉ်ထောက်ပံ့သွားမှာဖြစ်ပြီး လက်ရှိပျက်စီးနေတဲ့ အားကစားကွင်းတွေကိုပြင်ဆင်ကာ အများပြည်သူလေ့ကျင့်လို့ရအောင် လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမည့်အောက်တိုဘာလ(၂)ရက်နဲ့ (၃)ရက်နေ့တို့မှာ ကိုယ်လက်လှုပ်ရှားခြင်းသည် ဆေးတစ်မျိုးဖြစ်သည်ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ် သွားမှာဖြစ်ပြီး နိုဝင်ဘာလမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အားကစားကို ဘယ်လိုလုပ်မလဲဆိုတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ထပ်မံကျင်းပမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေကရရှိလာတဲ့ ဆွေးနွေးချက်တွေကို စီမံကိန်းချအကောင်အထည်ဖော်သွားမယ်လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်မလေးရှားနိုင်ငံမှာကျင်းပပြီးစီးခဲ့တဲ့ ၂၉ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ အားကစားနည်း(၁၂)နည်းကနေ ရွှေတံဆိပ်(၇)ဆု၊ငွေတံဆိပ်(၁၀)ဆု၊ကြေးတံဆိပ်(၂၀)ဆုရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်ရပ်တည်မှူမှာ အဆင့်(၇)ရရှိခဲ့တယ်လို့သိရပါတယ်။


28 Sep 2017     1,335 Views




RELATED

Most Popular of Special or Others

Most Popular of Sport